တခြားကမ္ဘာမှ ဂြိုဟ်သားများ

တခြားကမ္ဘာမှ ဂြိုဟ်သားများ
တခြားကမ္ဘာမှ ဂြိုဟ်သားများ

တခြားကမ္ဘာမှ ဂြိုဟ်သားများ

ဂြိုဟ်သားတွေဟာ အမှန်တကယ်ရှိတယ်…. ဂြိုဟ်သား (Aliens) တွေဟာ ဤကမ္ဘာဂြိုဟ်ပြင်ပ အခြားဂြိုဟ်ကမ္ဘာ၊ အခြားစကြာဝဠာများတွင် အမှန်တကယ်ရှိကြောင်း သဗ္ဗညုတဉာဏ်တော်ရှင် ဂေါတမဗုဒ္ဓမြတ်စွာကိုယ်တော်တိုင်နှင့် ဗုဒ္ဓ၏သာဝက သံဃာတော်အရှင်မြတ်ကြီးများက ဤသို့ ဟောပြခဲ့ကြသည် ။

(၁) မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ BC. 589၊ မဇ္ဈိမတိုင်း ဒေသ။

ဗုဒ္ဓမြတ်စွာ သည် လွန်ခဲ့သောနှစ်ပေါင်း ၂၆၀၀ ကျော်ကပင် ဤကမ္ဘာဂြိုဟ်ပြင်ပ အခြားစကြာဝဠာများသို့ သွားရောက်၍ စကြာဝဠာသား(ဂြိုဟ်သား) များနှင့်တွေ့ဆုံပြီး တရားဓမ္မများ ဟောကြားခဲ့ကြောင်းကို..

အာနန္ဒာ… ငါဘုရားသည် အခြားသောစကြာဝဠာသို့သွားရောက်၍ ဤစကြာဝဠာမှ များလှစွာသော မင်း,ပုဏ္ဏား ၊သူဌေးသူကြွယ်ပရိတ်သတ်၊ ရဟန်းပရိတ်သတ်၊ နတ်ပရိတ်သတ်၊ ဗြဟ္မာပရိတ်သတ် တို့အား ငါသည် တရားဟောပြခဲ့ဘူး၏။

ဤစကြာဝဠာ၌, မင်း၊ပုဏ္ဏား၊ သူဌေးသူကြွယ်ရဟန်းတည်းဟူသော လူပရိတ်သတ်များလည်းကောင်း နတ်ပရိတ်သတ်၊ဗြဟ္မာပရိတ်သတ်များလည်းကောင်း၊ အမျိုးမျိုးရှိကုန်၏။

သူတိူ့သည် ဖြူသောအဆင်းလည်းရှိ၏၊မည်းသောအဆင်းလည်းရွှိ၏။ စကြာဝဠာသားတို့၏ကိုယ်သဏ္ဍန်သည်အထူးထူးအပြားပြားရှိကုန်၏။ သူတို့၏အသံသည် ပြတ်သောအသံ လုံးသောအသံ၊ ကျီးငှက်အော်သံကဲ့သို့အသံရှိကုန်၏။

ငါဘုရားသည်,ရွှေအဆင်းနှင်တူသောအဆင်းရှိသည်သာဖြစ်၏။ စကြာဝဠာသားတို့သည် ဘုရားရှင် ကို မိမိတို့နှင့်တူသော အဆင်းရှိသည်၊ မိမိတို့နှင်ံတူသောအသံရှိသည် ဟုသာထင်ကုန်၏။

ငါဘုရားသည်ဤစကြာဝဠာသားတို့အလယ်တွင် တင့်တယ်စွာနေခဲ့၏။ တရားဆွေးနွေးဟောကြားခဲ့ပြီး ငါသည်ကွယ်ခဲ့၏ ဟု….

ဤကမ္ဘာဂြိုဟ်ပြင်ပ အခြားစကြာဝဠာများတွင် သက်ရှိအဆင့်မြင့်အဆင့်နိမ့်ဂြိုဟ်သားများရှိကြောင်းကို မြတ်ဗုဒ္ဓ၏ တရားဘဏ္ဍာစိုး.ဟုဆိုအပ်သော, ရှင်အာနန္ဒာမထေအား ထင်ရှားစွာဟောကြားခဲ့ဘူးသည်။ (ရှင်အာနန္ဒာ၏မှတ်တမ်းများဖြစ်သည့် “မဟာပရိနိဗ္ဗာနသုတ်”)

(၂) ၁၉၆၉ ခုနှစ် သဲအင်းဂူဆရာတော်ဘုရားကြီးဦးဥက္ကဌ၏ သုံးခွမြို့တရားပွဲ ၊ ရန်ကုန်တိုင်း။

တေဝိဇ္ဇာပတ္တရဟန္တာဟု မှတ်တမ်းတင်ထားသော သဲအင်းဂူဆရာတော်ဘုရားကြီးသည် ၁၉၆၉ ခုနှစ်ဝန်းကျင်က ဟောကြားခဲ့သော သုံးခွမြို့တရားပွဲတွင် မိုးကြိုးသတင်းစာတိုက်မှ သတင်းစာဆရာကြီး.. မိုးကြိုးဦးအုံးခင်၏ လျှောက်ထားမေးမြန်းချက်အရ…… သတင်းစာဆရာကြီး မေးမြန်းချက်။

မေး ။ ။စကြာဝဠာနဲ့ပါတ်သက်ပြီး သိချင်ပါတယ်အရှင်ဘုရား။

ဆရာတော်ကြီးဖြေကြား။ ဒီစကြာဝဠာကလူသားတွေ… ဒီလိုနေကြထိုင်ကြစားကြတာတွေ သိသလို ဟိုစကြာဝဠာကလူသားတွေရဲ့ ခန္တာကိုယ်ပုံစံတွေ နေထိုင်ပုံတွေအားလုံး မသိတာဆိုတာမရှိဘူး။ သူတို့တွေရဲ့သက်တမ်းကအစ အားလုံးသိပါတယ်။

မေး ။ ။ငရဲပြည်အကြောင်း သိခွင့်ပေးပါဘုရား။

ဆရာတော်ကြီးဖြေကြား ။ “စကြာဝဠာတစ်ခုနဲ့တစ်ခုကြားမှာ အလွန့်ကြောက်စရာကောင်းလွန်းတဲ့ ငရဲတွေရှိသေးတယ်…”…။

ဆရာတော်ကြီးသည်နောင်လာနောက်သားများသိရှိခွင့်ရစေရန်အတွက် ကမ္ဘာမြေပြင်ပအခြားစကြာဝဠာများမှ ဂြိုဟ်သားများ၏အကြောင်း၊ သက်ရှိဂြိုဟ်သားများရှိနေကြောင်းကို ဤသို့ ဟောကြားခဲ့၏။ ။

(၃) ၂၀၂၀ ခုနှစ် fortune tv. ရန်ကုန်မြို့

အပြည်ပြည်ဆိုင်ရာဗုဒ္ဓတက္ကသိုလ်ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ. အရှင်မြတ်ကြီးဟောကြားတော်မူသော, “ဗုဒ္ဓဓမ္မဆိုင်ရာအမေးအဖြေများ” အပိုင်း (၄)

ဗဟုသုတလိုလားသူ လူငယ်တစ်ဦး၏လျှောက်ထားမေးမြန်းခြင်းအား ဆရာတော်ကြီးမှ အဖြေပေးဟောကြားခြင်း

လျှောက်ထားမေးမြန်းခြင်း။ ။ ကမ္ဘာ့နိုင်ငံအသီးသီးရဲ့မှတ်တမ်းများအရ ဂြိုဟ်သား တွေကို မကြာခဏတွေ့ရှိလျှက် ရှိပါတယ်အရှင်ဘုရား၊ ရှိခဲ့ရင်…. သူတို့တွေဟာ ဘယ်ဘုံထဲမှာ ပါပါသလဲဘုရား။

ဆရာတော်ကြီးမှ ဖြေကြား။ ။ ဂြိုဟ်သားဆိုတာလူတွေနဲ့တွေ့နေကြမဟုတ်တဲ့ စတိန်းဂျားတွေ လို့.. ပြောရမှာပေါ့နော်…။ (Stranger=အပြင်အပ=အခြားနေရာမှ=ကမ္ဘာခြားမှ)

ဒါပြောရမယ်ဆိုရင်…. “ဘုန်းဘုန်းအနေနဲ့…အနန္တစကြာဝဠာအကြောင်းကို ပြောရမှာပေါ့..” ဒါပြောရမယ်ဆိုရင်….., မြတ်စွာဘုရားကလဲဘဲ၊ စကြာဝဠာဟာ အသေးဆုံးစကြာဝဠာဖွဲ့စည်းပုံလေးကစပြီးတော့… စကြာဝဠာ(၃)မျိုးဖွဲ့စည်းထားတာပြောတယ် ။

ဘုရားက…,စကြာဝဠာဆိုတဲ့စကားလုံးကိုတော့ မသုံးခဲ့ဘူး… “လောကဓာတု”ဆိုတဲ့ စကားလုံးကိုသုံးတယ်။ နံပါတ်တစ်က, “စူဠနိကာလောကဓာတု.” တဲ့…. အသေးစားလောကဓာတ်၊အသေးစားစကြာဝဠာ၊ အဲဒီအသေးစားစကြာဝဠာမှာ…..

လူ့ပြည်ရယ်၊ နတ်ပြည်(၆)ထပ်ရယ်၊ မြင့်မိုရ်တောင်ရယ်၊ လေးကျွန်းတမြင့်မိုရ်သဘောမျိုး…. အခုလို အတ်တ်ပလင်းနစ် (Earth planet) လိုဟာမျိုး… ကမ္ဘာဂြိုဟ် ကြီးလို့ ပြောခြင်လဲပြောပေါ့… အခုခေတ်စကားနဲ့ဆိုရင်…. ဒီကမ္ဘာလုံးလိုဟာမျိုးပေါင်း အရေအတွက် (၁၀၀၀)ရှိတယ်။

အဲ (၁၀၀၀)နဲ့ဖွဲ့စည်းတာ၊ စကြာဝဠာ (၁၀၀၀)နဲ့ဖွဲ့စည်းတာ… ဒါကို စူဠနိကာလောကဓာတု လို့ခေါ်တယ်။ အဲဒီတော့… အဲဒီတွင်ဘဲကြည့်လိုက်မယ်ဆိုရင်….. စကြာဝဠာ (၁၀၀၀)ဆိုတဲ့ထဲမှာ……

လူ့ပြည်ကလဲ (၁၀၀၀)ရှိမယ်။ နတ်ပြည်ကလဲ တစ်ခုတစ်ခုကို (၁၀၀၀)စီရှိကြမယ်…..။ သူတို့ရဲ့တည်နေရာ သြကာသလောကကြီး ဟာလဲ (၁၀၀၀) ရှိမှာ ပေါ့နော်….၊

အဲဒီစကြာဝဠာတွေထဲမှာ သက်ရှိသတ္တဝါတွေလဲရှိတယ်…. သက်ရှိသတ္တဝါတွေရှိတော့…. လူသားလို့ပြောရမဲ့ သတ္တဝါတွေလဲရှိတယ်….။ နတ်လို့ပြောရမဲ့ သတ္တဝါတွေလဲရှိတယ်…။

ဖွဲ့စည်းပုံခြင်းအတူတူ အဲဒီလို တစ်ဦးနဲ့တစ်ဦး အင်မတန်မှ ဝေးလံပြီးတော့…..တစ်ဦးနဲ့တစ်ဦး တွေ့ကြဖို့… အင်မတန်မှ ခဲယဉ်းတယ်ပေါ့….။

အခု တိုက်ကြီး (၅)တိုက် ကနေ့ခေတ်မှာ… အတ်တ်ပလင်းနစ်( Earth planet) မှာရှိနေကြတဲ့ ပုဂ္ဂိုတွေကတော့… ယာဉ်တွေအကူအညီတွေနဲ့ တွေ့ရှိနေကြတာပေါ့နော်…။

သူတို့ကြတော့…. အလွန်ကိုဝေးလံတဲ့နေရာဆိုတော့….. လူတွေ လက်လှမ်းမမှီတဲ့နေရာတွေမှာ ရောက်ရှိနေတဲ့ ပုဂ္ဂိုတွေဟာ,ဂြိုဟ်သားလို့ခေါ်တာဖြစ်ကောင်းဖြစ်မယ်…။ ဂြိုဟ် ဆိုတာ ပလင်းနစ်ပေါ့ (Planet) ဒီနေရာမှာတော့…. အဲဒါတွေဟာ သတ္တဝါတွေဘဲ”…။

ပြောရမယ်ဆိုရင်….. “လူ သတ္တဝါ တွေလဲဖြစ်နိုင်တယ်” အထူးသဖြင့်….”နတ်သတ္တဝါတွေလဲဖြစ်နိုင်တယ်” လူတွေနဲ့မရင်းနှီးတဲ့ သတ္တဝါ အမျိုးအစားတွေဆိုတော့…….

အဲဒီတော့….. လူဆိုတာကတော့ တစ်ဂြိုဟ်ကနေတစ်ဂြိုဟ်ကို သွားနိုင်တဲ့အတိုင်းအတာမရှိတော့….. “နတ်တွေပိုဖြစ်နိုင်တာပေါ့…”။

သွားနိုင်တဲ့ အစွမ်းတန်ခိုးရှိတဲ့. နတ်တွေက ပိုဖြစ်နိုင်တယ်…။ ဖြစ်နိုင်တော့……., “ဂြိုဟ်သား ဆိုတာ ရှိနိုင်သလားဆိုတော့…..” “ရှိနိုင်တယ်ပေါ့ ”

စကြာဝဠာ တွေ ရှိနေတဲ့အတွက်ကြောင့် သတ္တဝါ တွေ သတ္တလောကကြီးရှိနေတဲ့အတွက်ကြောင့်….. လူတွေကခေါ်တဲ့……, သက်ရှိသတ္တဝါဂြိုဟ်သားဆိုတာ ရှိနိုင်ပါတယ်….. ရှိခဲ့ရင် သူတို့တွေက ဘယ်ဘုံထဲမှာပါသလဲဆိုရင်……,

“လူမျိုးနွယ်ဆိုရင်…,သူတို့စကြာဝဠာအတိုင်းအတာအတိုင်း သူတို့မှာလဲ လူမျိုးနွယ်တွေရှိမယ်.”..။ “နတ်မျိုးနွယ်တွေရှိမယ်” ။ “နတ်ဖြစ်ခဲ့ရင်…နတ်မျိုးနွယ်ထဲမှာပါမယ်။” “နတ်ဘုံတွေထဲမှာပါမယ် ။”

“လူဖြစ်ခဲ့လို့ရှိရင်….” “သူတို့စကြာဝဠာရဲ့ လူ့ဘုံထဲမှာပါမယ်” ။ ။ ဟူ၍.., ဆရာတော်ဘုရားကြီးမှ ဟောကြားခဲ့ဖူးပါသည်။

Ps. ။ ။ဤpost ကိုဖတ်၍ ကြိုက်ခြင်းမကြိုက်ခြင်း၊ ယုံခြင်းမယုံခြင်းသည်ဖတ်ရှုသူများ၏ သဘောသာဖြစ်သည်။ ယနေ့ခေတ်အချိန့်အခါသည် ဗုဒ္ဓဝါဒ ဗုဒ္ဓဘာသာနှင့် ခေတ်သိပ္ပံပညာသည်ပေါင်းစပ်ဒွန်တွဲနေပြီဖြစ်သည်။ “ခေတ်သိပ္ပံနှင့် နာမ်လောက”သည်လူသားတို့၏ အစဉ်အမြဲလေ့လာသင်ယူနေသော ဘာသာရပ်တစ်ခုပင်ဖြစ်သည်။

ကြယ်နက် 21-9-2022ကို လေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။

Zawgyi

တျခားကမာၻမွ ၿဂိဳဟ္သားမ်ား

ၿဂိဳဟ္သားေတြဟာ အမွန္တကယ္ရွိတယ္…. ၿဂိဳဟ္သား (Aliens) ေတြဟာ ဤကမာၻၿဂိဳဟ္ျပင္ပ အျခားၿဂိဳဟ္ကမာၻ၊ အျခားစၾကာဝဠာမ်ားတြင္ အမွန္တကယ္ရွိေၾကာင္း သဗၺညဳတဉာဏ္ေတာ္ရွင္ ေဂါတမဗုဒၶျမတ္စြာကိုယ္ေတာ္တိုင္ႏွင့္ ဗုဒၶ၏သာဝက သံဃာေတာ္အရွင္ျမတ္ႀကီးမ်ားက ဤသို႔ ေဟာျပခဲ့ၾကသည္ ။

(၁) မဟာသကၠရာဇ္ ၁၀၃ ခုႏွစ္၊ BC. 589၊ မဇၩိမတိုင္း ေဒသ။

ဗုဒၶျမတ္စြာ သည္ လြန္ခဲ့ေသာႏွစ္ေပါင္း ၂၆၀၀ ေက်ာ္ကပင္ ဤကမာၻၿဂိဳဟ္ျပင္ပ အျခားစၾကာဝဠာမ်ားသို႔ သြားေရာက္၍ စၾကာဝဠာသား(ၿဂိဳဟ္သား) မ်ားႏွင့္ေတြ႕ဆုံၿပီး တရားဓမၼမ်ား ေဟာၾကားခဲ့ေၾကာင္းကို..

အာနႏၵာ… ငါဘုရားသည္ အျခားေသာစၾကာဝဠာသို႔သြားေရာက္၍ ဤစၾကာဝဠာမွ မ်ားလွစြာေသာ မင္း,ပုဏၰား ၊သူေဌးသူႂကြယ္ပရိတ္သတ္၊ ရဟန္းပရိတ္သတ္၊ နတ္ပရိတ္သတ္၊ ျဗဟၼာပရိတ္သတ္ တို႔အား ငါသည္ တရားေဟာျပခဲ့ဘူး၏။

ဤစၾကာဝဠာ၌, မင္း၊ပုဏၰား၊ သူေဌးသူႂကြယ္ရဟန္းတည္းဟူေသာ လူပရိတ္သတ္မ်ားလည္းေကာင္း နတ္ပရိတ္သတ္၊ျဗဟၼာပရိတ္သတ္မ်ားလည္းေကာင္း၊ အမ်ိဳးမ်ိဳးရွိကုန္၏။

သူတိူ႔သည္ ျဖဴေသာအဆင္းလည္းရွိ၏၊မည္းေသာအဆင္းလည္း႐ႊိ၏။ စၾကာဝဠာသားတို႔၏ကိုယ္သ႑န္သည္အထူးထူးအျပားျပားရွိကုန္၏။ သူတို႔၏အသံသည္ ျပတ္ေသာအသံ လုံးေသာအသံ၊ က်ီးငွက္ေအာ္သံကဲ့သို႔အသံရွိကုန္၏။

ငါဘုရားသည္,ေ႐ႊအဆင္းႏွင္တူေသာအဆင္းရွိသည္သာျဖစ္၏။ စၾကာဝဠာသားတို႔သည္ ဘုရားရွင္ ကို မိမိတို႔ႏွင့္တူေသာ အဆင္းရွိသည္၊ မိမိတို႔ႏွင္ံတူေသာအသံရွိသည္ ဟုသာထင္ကုန္၏။

ငါဘုရားသည္ဤစၾကာဝဠာသားတို႔အလယ္တြင္ တင့္တယ္စြာေနခဲ့၏။ တရားေဆြးေႏြးေဟာၾကားခဲ့ၿပီး ငါသည္ကြယ္ခဲ့၏ ဟု….

ဤကမာၻၿဂိဳဟ္ျပင္ပ အျခားစၾကာဝဠာမ်ားတြင္ သက္ရွိအဆင့္ျမင့္အဆင့္နိမ့္ၿဂိဳဟ္သားမ်ားရွိေၾကာင္းကို ျမတ္ဗုဒၶ၏ တရားဘ႑ာစိုး.ဟုဆိုအပ္ေသာ, ရွင္အာနႏၵာမေထအား ထင္ရွားစြာေဟာၾကားခဲ့ဘူးသည္။ (ရွင္အာနႏၵာ၏မွတ္တမ္းမ်ားျဖစ္သည့္ “မဟာပရိနိဗၺာနသုတ္”)

(၂) ၁၉၆၉ ခုႏွစ္ သဲအင္းဂူဆရာေတာ္ဘုရားႀကီးဦးဥကၠဌ၏ သုံးခြၿမိဳ႕တရားပြဲ ၊ ရန္ကုန္တိုင္း။

ေတဝိဇၨာပတၱရဟႏၲာဟု မွတ္တမ္းတင္ထားေသာ သဲအင္းဂူဆရာေတာ္ဘုရားႀကီးသည္ ၁၉၆၉ ခုႏွစ္ဝန္းက်င္က ေဟာၾကားခဲ့ေသာ သုံးခြၿမိဳ႕တရားပြဲတြင္ မိုးႀကိဳးသတင္းစာတိုက္မွ သတင္းစာဆရာႀကီး.. မိုးႀကိဳးဦးအုံးခင္၏ ေလွ်ာက္ထားေမးျမန္းခ်က္အရ…… သတင္းစာဆရာႀကီး ေမးျမန္းခ်က္။

ေမး ။ ။စၾကာဝဠာနဲ႔ပါတ္သက္ၿပီး သိခ်င္ပါတယ္အရွင္ဘုရား။

ဆရာေတာ္ႀကီးေျဖၾကား။ ဒီစၾကာဝဠာကလူသားေတြ… ဒီလိုေနၾကထိုင္ၾကစားၾကတာေတြ သိသလို ဟိုစၾကာဝဠာကလူသားေတြရဲ႕ ခႏၲာကိုယ္ပုံစံေတြ ေနထိုင္ပုံေတြအားလုံး မသိတာဆိုတာမရွိဘူး။ သူတို႔ေတြရဲ႕သက္တမ္းကအစ အားလုံးသိပါတယ္။

ေမး ။ ။ငရဲျပည္အေၾကာင္း သိခြင့္ေပးပါဘုရား။

ဆရာေတာ္ႀကီးေျဖၾကား ။ “စၾကာဝဠာတစ္ခုနဲ႔တစ္ခုၾကားမွာ အလြန႔္ေၾကာက္စရာေကာင္းလြန္းတဲ့ ငရဲေတြရွိေသးတယ္…”…။

ဆရာေတာ္ႀကီးသည္ေနာင္လာေနာက္သားမ်ားသိရွိခြင့္ရေစရန္အတြက္ ကမာၻေျမျပင္ပအျခားစၾကာဝဠာမ်ားမွ ၿဂိဳဟ္သားမ်ား၏အေၾကာင္း၊ သက္ရွိၿဂိဳဟ္သားမ်ားရွိေနေၾကာင္းကို ဤသို႔ ေဟာၾကားခဲ့၏။ ။

(၃) ၂၀၂၀ ခုႏွစ္ fortune tv. ရန္ကုန္ၿမိဳ႕

အျပည္ျပည္ဆိုင္ရာဗုဒၶတကၠသိုလ္ပါေမာကၡခ်ဳပ္ဆရာေတာ္ ေဒါက္တာနႏၵမာလာဘိဝံသ. အရွင္ျမတ္ႀကီးေဟာၾကားေတာ္မူေသာ, “ဗုဒၶဓမၼဆိုင္ရာအေမးအေျဖမ်ား” အပိုင္း (၄)

ဗဟုသုတလိုလားသူ လူငယ္တစ္ဦး၏ေလွ်ာက္ထားေမးျမန္းျခင္းအား ဆရာေတာ္ႀကီးမွ အေျဖေပးေဟာၾကားျခင္း

ေလွ်ာက္ထားေမးျမန္းျခင္း။ ။ ကမာၻ႔ႏိုင္ငံအသီးသီးရဲ႕မွတ္တမ္းမ်ားအရ ၿဂိဳဟ္သား ေတြကို မၾကာခဏေတြ႕ရွိလွ်က္ ရွိပါတယ္အရွင္ဘုရား၊ ရွိခဲ့ရင္…. သူတို႔ေတြဟာ ဘယ္ဘုံထဲမွာ ပါပါသလဲဘုရား။

ဆရာေတာ္ႀကီးမွ ေျဖၾကား။ ။ ၿဂိဳဟ္သားဆိုတာလူေတြနဲ႔ေတြ႕ေနၾကမဟုတ္တဲ့ စတိန္းဂ်ားေတြ လို႔.. ေျပာရမွာေပါ့ေနာ္…။ (Stranger=အျပင္အပ=အျခားေနရာမွ=ကမာၻျခားမွ)

ဒါေျပာရမယ္ဆိုရင္…. “ဘုန္းဘုန္းအေနနဲ႔…အနႏၲစၾကာဝဠာအေၾကာင္းကို ေျပာရမွာေပါ့..” ဒါေျပာရမယ္ဆိုရင္….., ျမတ္စြာဘုရားကလဲဘဲ၊ စၾကာဝဠာဟာ အေသးဆုံးစၾကာဝဠာဖြဲ႕စည္းပုံေလးကစၿပီးေတာ့… စၾကာဝဠာ(၃)မ်ိဳးဖြဲ႕စည္းထားတာေျပာတယ္ ။

ဘုရားက…,စၾကာဝဠာဆိုတဲ့စကားလုံးကိုေတာ့ မသုံးခဲ့ဘူး… “ေလာကဓာတု”ဆိုတဲ့ စကားလုံးကိုသုံးတယ္။ နံပါတ္တစ္က, “စူဠနိကာေလာကဓာတု.” တဲ့…. အေသးစားေလာကဓာတ္၊အေသးစားစၾကာဝဠာ၊ အဲဒီအေသးစားစၾကာဝဠာမွာ…..

လူ႔ျပည္ရယ္၊ နတ္ျပည္(၆)ထပ္ရယ္၊ ျမင့္မိုရ္ေတာင္ရယ္၊ ေလးကြၽန္းတျမင့္မိုရ္သေဘာမ်ိဳး…. အခုလို အတ္တ္ပလင္းနစ္ (Earth planet) လိုဟာမ်ိဳး… ကမာၻၿဂိဳဟ္ ႀကီးလို႔ ေျပာျခင္လဲေျပာေပါ့… အခုေခတ္စကားနဲ႔ဆိုရင္…. ဒီကမာၻလုံးလိုဟာမ်ိဳးေပါင္း အေရအတြက္ (၁၀၀၀)ရွိတယ္။

အဲ (၁၀၀၀)နဲ႔ဖြဲ႕စည္းတာ၊ စၾကာဝဠာ (၁၀၀၀)နဲ႔ဖြဲ႕စည္းတာ… ဒါကို စူဠနိကာေလာကဓာတု လို႔ေခၚတယ္။ အဲဒီေတာ့… အဲဒီတြင္ဘဲၾကည့္လိုက္မယ္ဆိုရင္….. စၾကာဝဠာ (၁၀၀၀)ဆိုတဲ့ထဲမွာ……

လူ႔ျပည္ကလဲ (၁၀၀၀)ရွိမယ္။ နတ္ျပည္ကလဲ တစ္ခုတစ္ခုကို (၁၀၀၀)စီရွိၾကမယ္…..။ သူတို႔ရဲ႕တည္ေနရာ ၾသကာသေလာကႀကီး ဟာလဲ (၁၀၀၀) ရွိမွာ ေပါ့ေနာ္….၊

အဲဒီစၾကာဝဠာေတြထဲမွာ သက္ရွိသတၱဝါေတြလဲရွိတယ္…. သက္ရွိသတၱဝါေတြရွိေတာ့…. လူသားလို႔ေျပာရမဲ့ သတၱဝါေတြလဲရွိတယ္….။ နတ္လို႔ေျပာရမဲ့ သတၱဝါေတြလဲရွိတယ္…။

ဖြဲ႕စည္းပုံျခင္းအတူတူ အဲဒီလို တစ္ဦးနဲ႔တစ္ဦး အင္မတန္မွ ေဝးလံၿပီးေတာ့…..တစ္ဦးနဲ႔တစ္ဦး ေတြ႕ၾကဖို႔… အင္မတန္မွ ခဲယဥ္းတယ္ေပါ့….။

အခု တိုက္ႀကီး (၅)တိုက္ ကေန႔ေခတ္မွာ… အတ္တ္ပလင္းနစ္( Earth planet) မွာရွိေနၾကတဲ့ ပုဂၢိဳေတြကေတာ့… ယာဥ္ေတြအကူအညီေတြနဲ႔ ေတြ႕ရွိေနၾကတာေပါ့ေနာ္…။

သူတို႔ၾကေတာ့…. အလြန္ကိုေဝးလံတဲ့ေနရာဆိုေတာ့….. လူေတြ လက္လွမ္းမမွီတဲ့ေနရာေတြမွာ ေရာက္ရွိေနတဲ့ ပုဂၢိဳေတြဟာ,ၿဂိဳဟ္သားလို႔ေခၚတာျဖစ္ေကာင္းျဖစ္မယ္…။ ၿဂိဳဟ္ ဆိုတာ ပလင္းနစ္ေပါ့ (Planet) ဒီေနရာမွာေတာ့…. အဲဒါေတြဟာ သတၱဝါေတြဘဲ”…။

ေျပာရမယ္ဆိုရင္….. “လူ သတၱဝါ ေတြလဲျဖစ္ႏိုင္တယ္” အထူးသျဖင့္….”နတ္သတၱဝါေတြလဲျဖစ္ႏိုင္တယ္” လူေတြနဲ႔မရင္းႏွီးတဲ့ သတၱဝါ အမ်ိဳးအစားေတြဆိုေတာ့…….

အဲဒီေတာ့….. လူဆိုတာကေတာ့ တစ္ၿဂိဳဟ္ကေနတစ္ၿဂိဳဟ္ကို သြားႏိုင္တဲ့အတိုင္းအတာမရွိေတာ့….. “နတ္ေတြပိုျဖစ္ႏိုင္တာေပါ့…”။

သြားႏိုင္တဲ့ အစြမ္းတန္ခိုးရွိတဲ့. နတ္ေတြက ပိုျဖစ္ႏိုင္တယ္…။ ျဖစ္ႏိုင္ေတာ့……., “ၿဂိဳဟ္သား ဆိုတာ ရွိႏိုင္သလားဆိုေတာ့…..” “ရွိႏိုင္တယ္ေပါ့ ”

စၾကာဝဠာ ေတြ ရွိေနတဲ့အတြက္ေၾကာင့္ သတၱဝါ ေတြ သတၱေလာကႀကီးရွိေနတဲ့အတြက္ေၾကာင့္….. လူေတြကေခၚတဲ့……, သက္ရွိသတၱဝါၿဂိဳဟ္သားဆိုတာ ရွိႏိုင္ပါတယ္….. ရွိခဲ့ရင္ သူတို႔ေတြက ဘယ္ဘုံထဲမွာပါသလဲဆိုရင္……,

“လူမ်ိဳးႏြယ္ဆိုရင္…,သူတို႔စၾကာဝဠာအတိုင္းအတာအတိုင္း သူတို႔မွာလဲ လူမ်ိဳးႏြယ္ေတြရွိမယ္.”..။ “နတ္မ်ိဳးႏြယ္ေတြရွိမယ္” ။ “နတ္ျဖစ္ခဲ့ရင္…နတ္မ်ိဳးႏြယ္ထဲမွာပါမယ္။” “နတ္ဘုံေတြထဲမွာပါမယ္ ။”

“လူျဖစ္ခဲ့လို႔ရွိရင္….” “သူတို႔စၾကာဝဠာရဲ႕ လူ႔ဘုံထဲမွာပါမယ္” ။ ။ ဟူ၍.., ဆရာေတာ္ဘုရားႀကီးမွ ေဟာၾကားခဲ့ဖူးပါသည္။

Ps. ။ ။ဤpost ကိုဖတ္၍ ႀကိဳက္ျခင္းမႀကိဳက္ျခင္း၊ ယုံျခင္းမယုံျခင္းသည္ဖတ္ရႈသူမ်ား၏ သေဘာသာျဖစ္သည္။ ယေန႔ေခတ္အခ်ိန႔္အခါသည္ ဗုဒၶဝါဒ ဗုဒၶဘာသာႏွင့္ ေခတ္သိပၸံပညာသည္ေပါင္းစပ္ဒြန္တြဲေနၿပီျဖစ္သည္။ “ေခတ္သိပၸံႏွင့္ နာမ္ေလာက”သည္လူသားတို႔၏ အစဥ္အၿမဲေလ့လာသင္ယူေနေသာ ဘာသာရပ္တစ္ခုပင္ျဖစ္သည္။

ၾကယ္နက္ 21-9-2022ကို ေလးစားစြာျဖင့္ ခရက္ဒစ္ေပးပါသည္။

Be the first to comment

Leave a Reply

Your email address will not be published.


*