သိကြားမင်း အကြောင်း

သိကြားမင်း အကြောင်း
သိကြားမင်း အကြောင်း

သိကြားမင်း အကြောင်း

သိကြားမင်းသည် တာဝတိံသာနတ်ဘုံရှိ (၃၃)ပါးသော နတ်မင်းကြီးများ၏ အကြီးအမှူး ဖြစ်သည်။ မာဃလုလင် ဟုလည်းခေါ်၏။

သိကြားနတ်သည် မိုးနှင့်မိုးကြိုးကိုအစိုးရသည်။ လူတို့ကိုကာကွယ်စောင့်ရှောက်၍ လူတို့၏ ဆင်းရဲချမ်းသာ၊ ကောင်းကျိုးဆိုးကျိုးကို စီမံစီရင်သူဖြစ်သည်ဟုဆိုသည်။

ရုပ်တုတွင်အောက်ခံဆင် ရုပ်၊ ဦးခေါင်းသုံးလုံးခံထားသည်။ ယင်းအပေါ်က ပဒုမ္မာကြာပွင့်တွင် မတ်ရပ်ထလျက် လက်ယာလက် ကခရုသင်း၊ လက်ဝဲက သားမြီးယပ်ကိုင်ကာ သိကြားအဝတ်တန်ဆာအစုံနှင့်ရှိသည်။

သိကြားမင်းတွင် စီးတော်ယာဉ်နှစ်ခု ရှိသည်။ မြင်းကောင်ရေတစ်ထောင်နှင့် ဆွဲသော နတ်ရထား (ဝေဇယန္တာ)၊နှင့် ဧရာဝဏ် (Airavata) ဆင်တော် ဖြစ်သည်။

နတ်မိဖုရားကြီး (၄) ပါး

မာဃလုလင်နှင့် အပေါင်းအသင်း (၃၃) ယောက်တို့သည် ကောင်းမှုကုသိုလ်အစုစုတို့ကို ပြုလုပ်လျက်ရှိကြသည်။ ဤတစ်ခါတွင် ဇရပ်တစ်ဆောင် ဆောက်လုပ်ကာ ကုသိုလ်ယူကြရန် ဖြစ်သည်။ ဇရပ်ဆောက်လုပ်သည့်အခါ ဇနီးဖြစ်သူတို့နှင့် ရေစက်မပါစေရန် မိမိတို့၏ ဇနီးမယားတို့အား ပါဝင်မှု မရှိစေရန် ဆုံးဖြတ်ထားကြသည်။

သုဓမ္မာ၏ ကုသိုလ်

မာဃ၏ ဇနီးတစ်ယောက်ဖြစ်သည့် သုဓမ္မာသည် ထိုဇရပ်အလှူတွင် ပါဝင်လိုသည့်အတွက် လက်သမားဆရာကြီးကို အကူအညီတောင်း၏။ ထိုအခါ ဆရာကြီးက ဇနီးများ ပါဝင်မှု မရှိစေရန် တိုင်ပင်ထားကြောင်း ပြော၏။ သုဓမ္မာ၏ အကူအညီတောင်းခံမှုကြောင့် ကူညီခဲ့ရသည်။

လက်သမားဆရာကြီးသည် ပိန္နဲတိုင်ပြုလုပ်ကာ သုဓမ္မာအား ပေးလေ၏။ မာဃတို့အဖွဲ့သည် ဇရပ် ဆောက်လုပ်သည်တွင် ပိန္နဲတိုင်လိုလျက် ရှိသည်။ ရွာအတွင်း အိမ်စေ့မေးပြီးရှာကြရာ သုဓမ္မာထံတွင် ရလေသည်။

ထိုနေ့၌ပင် နက္ခတ်ကောင်းပြီး ဆောက်လုပ်လှူဒါန်းရမည် ဖြစ်သဖြင့် သုဓမ္မာ၏ အလှူကို လက်ခံလိုက်လေသည်။ ဤသို့ဖြင့် ဇရပ်ကြီးဆောက်လုပ်ပြီးစီးသွား၏။

မာဃ၊ နန္ဒာ၊ စိတ္တာတို့၏ ကုသိုလ်

မာဃလုလင်သည် ဇရပ်ကြီးအနီးတွင် ပင်လယ်ကသစ်ပင် စိုက်ပျိုး၏။ သစ်ပင်ခြေရင်း၌ ကျောက်ဖျာတစ်ချပ်ကို ထားလေသည်။ မာဃလုလင်၏ ဇနီး နန္ဒာသည် ဇရပ်အနီးတွင် ရေကန်တူးကာ ကောင်းမှုကုသိုလ် ပြုလေသည်။ မာဃလုလင်၏ ဇနီး စိတ္တာသည် ဇရပ်အနီးတွင် ဥယျာဉ်ကြီးတစ်ခုကို ပြုလုပ်လေသည်။

မာဃလုလင်သည် ကွယ်လွန်သော် သိကြားမင်း ဖြစ်၏။ ကောင်းမှုကုသိုလ် အတူတူပြုခဲ့သည့် အပေါင်းအသင်း (၃၃) ယောက်တို့သည် သိကြားမင်းအပါး၌ နတ်မင်းကြီး (၃၃) ယောက်ဖြစ်၏။ နန္ဒာ၊ စိတ္တာ၊ သုဓမ္မာတို့သည် သိကြားမင်း၏ အပါး၌ နတ်မိဖုရားကြီး သုံးဦး ဖြစ်လေသည်။

ဇနီးအကြီး သူဇာ

မာဃလုလင်၏ ဇနီးအကြီးဆုံး သူဇာသည် အလှူအတန်းကုသိုလ်ကောင်းမှုကို မပြုဘဲ အလှအပတွင်သာ စိတ်ဝင်စား၏။ သိကြားမင်း၏ ဇနီး သူဇာသည် ကွယ်လွန်သောအခါ ဗျိုင်းအောက်မလေး ဖြစ်သွားလေသည်။

ဗျိုင်းမကလေး မသူဇာ

သိကြားမင်းသည် သူဇာ့အတွက် စိတ်မကောင်း ဖြစ်ကာ နတ်ပြည်သို့ ရောက်အောင် ကြံဆောင်၏။ သိကြားမင်းသည် သူဇာကို လူ့ပြည်တွင်တွေ့ကာ ကုသိုလ်ကောင်းမှုများ ပြုလုပ်သည့်အတွက် မိမိနှင့် ဇနီးသုံးဦးတို့သည် နတ်ပြည်တွင် ဖြစ်ကြရကြောင်း ပြော၏။

သူဇာကိုလည်း ငါးပါးသီလကို စောင့်ထိန်းရန် မှာကြားကာ နတ်ပြည်သို့ ပြန်သွား၏။ တစ်ခါသော် သိကြားမင်းသည် ငါးအသေယောင်ဖန်ဆင်းကာ နေလေသည်။ ဗျိုင်းမလေးသူဇာလည်း ငါးအသေကို စားရန်ပြုရာ ငါးသည် လှုပ်လိုက်ရာ ဗျိုင်းမလေးလည်း မစားဘဲ နေလေသည်။

ထိုအခါမှ သိကြားမင်းသည် ကောင်းကင်တွင်နေကာ သာဓု ခေါ်လေသည်။ မသူဇာလည်း ဗျိုင်းဘဝမှ သေလွန်သော အိုးထိန်းသည်၏ သမီးအဖြစ် လူ့ပြည်တွင် ဖြစ်လေ၏။

အိုးထိန်းသည်၏သမီး သူဇာ

မသူဇာသည် လူ့ဘဝသို့ ရောက်သောအခါ သိကြားမင်းသည် ရွှေသခွားသီး ရောင်းသည့် အဖိုးအိုပုံစံ ဖန်ဆင်းကာ လူ့ပြည်သို့ ဆင်းလာ၏။ ထို့နောက် သခွားသီးသည် အဖိုးအိုသည် သီလစောင့်ထိန်းသူမှသာ ရောင်းမည်ဟု ပြောဆိုသံများကို မသူဇာ ကြားလေရာ အဖိုးအိုထံ သွား၏။

အဖိုးအိုက မေးမြန်းရာ သီလကောင်းသူ ဖြစ်သည်ကို သိရှိသဖြင့် မသူဇာအိမ်ပေါက်ဝတွင် ရွှေသခွားသီးများကို သွန်ချခဲ့ကာ နတ်ပြည်သို့ ပြန်လေသည်။

အသူရာ၏သမီး သူဇာ

လူ့ပြည်မှ သေလွန်သော် အသူရာပြည်၌ ဝေပစိတ္တိအသုရာနတ်မင်းကြီး၏ သမီးတော်ဖြစ်၏။ ဗျိုင်းဘဝ၊ လူ့ဘဝက သီလအကျိုးသည် အသုရာဘဝတွင် အလွန်တရာလှပသော အကျိုးကို ပေးလေသည်။ လက်ထက်ထိမ်းမြားဖို့ရာ ဖခင်ဖြစ်သူက အသုရာအစည်းအဝေးကျင်းပ၏။

ဤသည်ကို သိကြားမင်း သိ၏။ ထို့ကြောင့် အသုရာယောင် ဖန်ဆင်းကာ အစည်းအဝေးသို့သွား၏။ ဖခင်ဖြစ်သူက မိမိနှစ်သက်သူ၏ အထက်သို့ ပန်းကုံးပစ်ပါဟု ပြောသည့်အခါ ရှေးဘဝရေစက်ကြောင့် သိကြားမင်းကို ချစ်မြတ်နိုးမိသည့် သူဇာသည် သိကြားမင်း၏ အထက်သို့ ပစ်လေသည်။

ထိုအခါ သိကြားမင်းသည် သူဇာ၏ လက်မောင်းကို ဆွဲကာ ကောင်းကင်သို့ ပျံတက်သွား၏။ အသုရာတို့က လိုက်ကြသော်လည်း မင်းကြီးက မလိုက်ရန် ပြောသဖြင့် ဆက်မလိုက်ကြတော့ပေ။

ဤသို့ဖြင့် သိကြားမင်းတွင် လူ့ဘဝကတည်းက ရေစက်ပါလာသည့် မိဖုရားကြီးလေးဦးရှိပေသည်။ (ဝိမာဋ္ဌအထာကထာ၌ သိကြားမင်းတွင် မိဖုရားကြီး ၁၆၀၀ ရှိသည်ဟု ဆိုသည်။)

ပဏ္ဍုကမ္ဗလာမြကျောက်ဖျာ

သိကြားမင်း ဖြစ်လာမည့် မာဃလုလင်သည် သုဓမ္မာဇရပ်အနီးတွင် ပင်လယ်ကသစ်ပင်တစ်ပင်ကို စိုက်ကာ လှူဒါန်းခဲ့သည်။ ပင်လယ်ကသစ်ပင် အနီးတွင် ကျောက်ဖြာကို လှူဒါန်းခဲ့သည်။ ထိုကုသိုလ်ကောင်းမှု၏ အကျိုးကျေးဇူးကြောင့် တာဝတိံသာနတ်ပြည်တွင် ပဏ္ဍုကမ္ဗလာမြကျောက်ဖျာ သည် ပေါ်ပေါက်လာခဲ့သည်။

မြ ကျောက်ဖျာကြီး၏ တည်နေရာ

တာဝတိံသာနတ်ပြည် မဟာသုဒဿနမြို့တော် အရှေ့မြောက်ဘက်ရှိ ပုဏ္ဍရိကဥယျာဉ်ကြီးထဲတွင်ရှိသော ပင်လယ်ကသစ်ပင်ကြီး၏ အနီးတွင် မြကျောက်ဖျာကြီး၏ အတိုင်းအတာ အလျားယူဇနာ ၆၀ ရှိသည်။ အနံယူဇနာ ၅၀ ရှိသည်။အထူသည်၁၅ ယူဇနာရှိသည်။အရောင်သည် လက်ခေါင်းရန်းပွင့်ကဲ့သို့ နီစွေးသည်။

ကျောက်ဖျာကြီး ပူရခြင်း

ပင်ကို အားဖြင့် ကျောက်ဖျာသည် အေး၏။ ထူးခြားသော အကြောင်းအရာများ ဖြစ်ပါ်လာသည့်အခါ တင်းမာကာ ပူလာသည်။ ဤသို့ဖြစ်စေသည့် အကြောင်းများမှာ –

သီလရှိသော သူတော်ကောင်းတို့အား ကူညီစောင့်ရှောက်ရန်အတွက်လည်း တင်းမာကာပူလာသည်။ သိကြားမင်း၏ သက်တမ်းကုန်ဆုံးသည့် အခါတွင်လည်း တင်းမာကာ ပူလာသည်။ သိကြားမင်း၏ နေရာကို လိုချင်သည့် တရားရှိသူ၊ ဘုန်းတန်ခိုးရှိသူတို့၏ သီလကြောင့် တင်းမာကာပူလာသည်။

ထိုသို့ ပူပြင်းလာသည့်အခါ သိကြားမင်းသည် အကြောင်းအရာအလိုက် ဖြေရှင်းသည်။ ထိုကျောက်ဖျာပေါ်တွင် သီတင်းသုံးကာ မြတ်စွာဘုရားသည် အဘိဓမ္မာတရားတော်ကို ဟောကြားတော်မူခဲ့သည်။

စီးတော်ယာဉ်များအကြောင်း အသေးစိတ်-

သိကြားမင်းသည် လှည့်လည်သွားလာသည့်အခါ များသောအားဖြင့် ဝေဇယန္တာနတ်ရထားကို စီး၏။ တစ်ခါတရံတွင်သာ ဧရာဝဏ်ဆင်ကို စီး၏။

ဝေဇယန္တာနတ်ရထား

ဝေဇယန္တာနတ်ရထား၏ ရထားထိန်းသည် မာတလိနတ်သား ဖြစ်သည်။ ရထားဦးပိုင်းမှ နောက်ဆုံးအပိုင်းအထိ ယူဇနာ ၁၅၀ ရှိသည်။ အလယ်တွင် သိကြားမင်းနေရန် ရတနာပလ္လင်ကြီး ရှိ၏။ ရထားတွင် ထမ်းပိုးတစ်ခုသာ ရှိသည်။ ထိုတစ်ခုတည်းသော ထမ်းပိုးတွင် အာဇာနည်သိန္ဓောမြင်းပျံ တစ်ထောင် ကလျက်ရှိသည်။

စီးတော်ဆင်ကြီး ဧရာဝဏ်

ဧရာဝဏ် အမည်ရှိ နတ်သားသည် သိကြားမင်း ဥယျာဉ်သို့ ထွက်ရာတွင် စီးနင်းရန်အလို့ငှါ မိမိကိုယ်ကို ဆင်ဖန်ဆင်းထားခြင်းဖြစ်သည်။ မာဃလုလင်ဘဝတွင် ဘုရင်က ပေးသနားသည့် ဆင်ကြီးမှ ဖြစ်လာသည့် နတ်သားဖြစ်သည်။ နတ်ပြည်တို့တွင် တကယ့်တိရစ္ဆာန်များ ရှိရိုးထုံးစံ မရှိပေ။ သိကြားမင်း ဥယျာဉ်မှ ပြန်လာသည့်အခါ ဆင်ကြီးသည် မူလအတိုင်း နတ်သားပြန်ဖြစ်သည်။

သိကြားမင်းဖြစ်ကြောင်း အကျင့်(၇)ပါး

သိကြားမင်း ဖြစ်လာမည့် မာဃလုလင်သည် တည်းခိုနားနေရန် နေရာများ၊ လမ်းများ စသည့် ကောင်းမှုကုသိုလ်တို့အပြင် အောက်ပါ အကျင့်ကောင်း (၇) မျိုးလည်း ရှိသည်။

(၁) မိဘနှစ်ပါးကို အသက်ထက်ဆုံး ရိုသေလေးစားစွာဖြင့် လုပ်ကျွေးပြုစုခြင်း။

(၂) အမိဘက် အဖဘက်တို့မှ မိမိထက် အသက်ကြီးသည့် ဆွေမျိုးများကို အသက်ထက်ဆုံး ရိုသေလေးစားခြင်း။

(၃) အသက်ထက်ဆုံး ချိုသာသော၊ ယဉ်ကျေးသော စကားကို ပြောဆိုခြင်း။

(၄) ချစ်ခင်သူနှစ်ယောက်အား ကွဲပြားအောင် ကုန်းချောစကားတို့ကို အသက်ထက်ဆုံး မပြောဆိုခြင်း။

(၅) အသက်ထက်ဆုံး နှမြောခြင်းမရှိဘဲ လွတ်လပ်စွာ ရက်ရက်ရောရော ပေးကမ်းစွဲ့ကြဲခြင်း။

(၆) အသက်ထက်ဆုံး မှန်ကန်သော စကားကိုသာ ပြောဆိုခြင်း။

(၇) အသက်ထက်ဆုံး အမျက်ဒေါသ မထွက်ပေါ်အောင် ထိန်းသိမ်းခြင်း။ တစ်ခါတရံ အမျက်ထွက်မိပါက လျင်မြန်စွာ ပယ်ဖျောက်ခြင်း။

နောင်သံသရာအတွက်သာမက ယခုဘဝအတွက်ပါ ကောင်းမွန်သည့် အကျင့်များကို ပြုခဲ့ဖူးသည့်ကံ၏ အကျိုးကြောင့် နတ်ပြည်တွင် သိကြားမင်း ဖြစ်လာ၏။ မာဃလုလင်၏ သူငယ်ချင်း (၃၂) တို့သည်လည်း သိကြားမင်း၏ အခြံအရံနတ်များ ဖြစ်လာကြသည်။

ကိုးကား
မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)။ ဦးမြတ်ကျော်(မြန်မာစာကော်မရှင်)`၃၁-ဘုံ ခရီးသည်။ ဓမ္မာစရိယ ဦးအေးနိုင်(ဘီအေ)။ ဗုဒ္ဓကျမ်းလာ နတ်ဒေဝါများ။
မြေပြန့်ချင်းလေး လေးစားစွာဖြင့် မူရင်းရေးသူအား ခရက်ဒစ်ပေးပါသည်။

Zawgyi

သိၾကားမင္း အေၾကာင္း

သိၾကားမင္းသည္ တာဝတႎသာနတ္ဘုံရွိ (၃၃)ပါးေသာ နတ္မင္းႀကီးမ်ား၏ အႀကီးအမႉး ျဖစ္သည္။ မာဃလုလင္ ဟုလည္းေခၚ၏။

သိၾကားနတ္သည္ မိုးႏွင့္မိုးႀကိဳးကိုအစိုးရသည္။ လူတို႔ကိုကာကြယ္ေစာင့္ေရွာက္၍ လူတို႔၏ ဆင္းရဲခ်မ္းသာ၊ ေကာင္းက်ိဳးဆိုးက်ိဳးကို စီမံစီရင္သူျဖစ္သည္ဟုဆိုသည္။

႐ုပ္တုတြင္ေအာက္ခံဆင္ ႐ုပ္၊ ဦးေခါင္းသုံးလုံးခံထားသည္။ ယင္းအေပၚက ပဒုမၼာၾကာပြင့္တြင္ မတ္ရပ္ထလ်က္ လက္ယာလက္ ကခ႐ုသင္း၊ လက္ဝဲက သားၿမီးယပ္ကိုင္ကာ သိၾကားအဝတ္တန္ဆာအစုံႏွင့္ရွိသည္။

သိၾကားမင္းတြင္ စီးေတာ္ယာဥ္ႏွစ္ခု ရွိသည္။ ျမင္းေကာင္ေရတစ္ေထာင္ႏွင့္ ဆြဲေသာ နတ္ရထား (ေဝဇယႏၲာ)၊ႏွင့္ ဧရာဝဏ္ (Airavata) ဆင္ေတာ္ ျဖစ္သည္။

နတ္မိဖုရားႀကီး (၄) ပါး

မာဃလုလင္ႏွင့္ အေပါင္းအသင္း (၃၃) ေယာက္တို႔သည္ ေကာင္းမႈကုသိုလ္အစုစုတို႔ကို ျပဳလုပ္လ်က္ရွိၾကသည္။ ဤတစ္ခါတြင္ ဇရပ္တစ္ေဆာင္ ေဆာက္လုပ္ကာ ကုသိုလ္ယူၾကရန္ ျဖစ္သည္။ ဇရပ္ေဆာက္လုပ္သည့္အခါ ဇနီးျဖစ္သူတို႔ႏွင့္ ေရစက္မပါေစရန္ မိမိတို႔၏ ဇနီးမယားတို႔အား ပါဝင္မႈ မရွိေစရန္ ဆုံးျဖတ္ထားၾကသည္။

သုဓမၼာ၏ ကုသိုလ္

မာဃ၏ ဇနီးတစ္ေယာက္ျဖစ္သည့္ သုဓမၼာသည္ ထိုဇရပ္အလႉတြင္ ပါဝင္လိုသည့္အတြက္ လက္သမားဆရာႀကီးကို အကူအညီေတာင္း၏။ ထိုအခါ ဆရာႀကီးက ဇနီးမ်ား ပါဝင္မႈ မရွိေစရန္ တိုင္ပင္ထားေၾကာင္း ေျပာ၏။ သုဓမၼာ၏ အကူအညီေတာင္းခံမႈေၾကာင့္ ကူညီခဲ့ရသည္။

လက္သမားဆရာႀကီးသည္ ပိႏၷဲတိုင္ျပဳလုပ္ကာ သုဓမၼာအား ေပးေလ၏။ မာဃတို႔အဖြဲ႕သည္ ဇရပ္ ေဆာက္လုပ္သည္တြင္ ပိႏၷဲတိုင္လိုလ်က္ ရွိသည္။ ႐ြာအတြင္း အိမ္ေစ့ေမးၿပီးရွာၾကရာ သုဓမၼာထံတြင္ ရေလသည္။

ထိုေန႔၌ပင္ နကၡတ္ေကာင္းၿပီး ေဆာက္လုပ္လႉဒါန္းရမည္ ျဖစ္သျဖင့္ သုဓမၼာ၏ အလႉကို လက္ခံလိုက္ေလသည္။ ဤသို႔ျဖင့္ ဇရပ္ႀကီးေဆာက္လုပ္ၿပီးစီးသြား၏။

မာဃ၊ နႏၵာ၊ စိတၱာတို႔၏ ကုသိုလ္

မာဃလုလင္သည္ ဇရပ္ႀကီးအနီးတြင္ ပင္လယ္ကသစ္ပင္ စိုက္ပ်ိဳး၏။ သစ္ပင္ေျခရင္း၌ ေက်ာက္ဖ်ာတစ္ခ်ပ္ကို ထားေလသည္။ မာဃလုလင္၏ ဇနီး နႏၵာသည္ ဇရပ္အနီးတြင္ ေရကန္တူးကာ ေကာင္းမႈကုသိုလ္ ျပဳေလသည္။ မာဃလုလင္၏ ဇနီး စိတၱာသည္ ဇရပ္အနီးတြင္ ဥယ်ာဥ္ႀကီးတစ္ခုကို ျပဳလုပ္ေလသည္။

မာဃလုလင္သည္ ကြယ္လြန္ေသာ္ သိၾကားမင္း ျဖစ္၏။ ေကာင္းမႈကုသိုလ္ အတူတူျပဳခဲ့သည့္ အေပါင္းအသင္း (၃၃) ေယာက္တို႔သည္ သိၾကားမင္းအပါး၌ နတ္မင္းႀကီး (၃၃) ေယာက္ျဖစ္၏။ နႏၵာ၊ စိတၱာ၊ သုဓမၼာတို႔သည္ သိၾကားမင္း၏ အပါး၌ နတ္မိဖုရားႀကီး သုံးဦး ျဖစ္ေလသည္။

ဇနီးအႀကီး သူဇာ

မာဃလုလင္၏ ဇနီးအႀကီးဆုံး သူဇာသည္ အလႉအတန္းကုသိုလ္ေကာင္းမႈကို မျပဳဘဲ အလွအပတြင္သာ စိတ္ဝင္စား၏။ သိၾကားမင္း၏ ဇနီး သူဇာသည္ ကြယ္လြန္ေသာအခါ ဗ်ိဳင္းေအာက္မေလး ျဖစ္သြားေလသည္။

ဗ်ိဳင္းမကေလး မသူဇာ

သိၾကားမင္းသည္ သူဇာ့အတြက္ စိတ္မေကာင္း ျဖစ္ကာ နတ္ျပည္သို႔ ေရာက္ေအာင္ ႀကံေဆာင္၏။ သိၾကားမင္းသည္ သူဇာကို လူ႔ျပည္တြင္ေတြ႕ကာ ကုသိုလ္ေကာင္းမႈမ်ား ျပဳလုပ္သည့္အတြက္ မိမိႏွင့္ ဇနီးသုံးဦးတို႔သည္ နတ္ျပည္တြင္ ျဖစ္ၾကရေၾကာင္း ေျပာ၏။

သူဇာကိုလည္း ငါးပါးသီလကို ေစာင့္ထိန္းရန္ မွာၾကားကာ နတ္ျပည္သို႔ ျပန္သြား၏။ တစ္ခါေသာ္ သိၾကားမင္းသည္ ငါးအေသေယာင္ဖန္ဆင္းကာ ေနေလသည္။ ဗ်ိဳင္းမေလးသူဇာလည္း ငါးအေသကို စားရန္ျပဳရာ ငါးသည္ လႈပ္လိုက္ရာ ဗ်ိဳင္းမေလးလည္း မစားဘဲ ေနေလသည္။

ထိုအခါမွ သိၾကားမင္းသည္ ေကာင္းကင္တြင္ေနကာ သာဓု ေခၚေလသည္။ မသူဇာလည္း ဗ်ိဳင္းဘဝမွ ေသလြန္ေသာ အိုးထိန္းသည္၏ သမီးအျဖစ္ လူ႔ျပည္တြင္ ျဖစ္ေလ၏။

အိုးထိန္းသည္၏သမီး သူဇာ

မသူဇာသည္ လူ႔ဘဝသို႔ ေရာက္ေသာအခါ သိၾကားမင္းသည္ ေ႐ႊသခြားသီး ေရာင္းသည့္ အဖိုးအိုပုံစံ ဖန္ဆင္းကာ လူ႔ျပည္သို႔ ဆင္းလာ၏။ ထို႔ေနာက္ သခြားသီးသည္ အဖိုးအိုသည္ သီလေစာင့္ထိန္းသူမွသာ ေရာင္းမည္ဟု ေျပာဆိုသံမ်ားကို မသူဇာ ၾကားေလရာ အဖိုးအိုထံ သြား၏။

အဖိုးအိုက ေမးျမန္းရာ သီလေကာင္းသူ ျဖစ္သည္ကို သိရွိသျဖင့္ မသူဇာအိမ္ေပါက္ဝတြင္ ေ႐ႊသခြားသီးမ်ားကို သြန္ခ်ခဲ့ကာ နတ္ျပည္သို႔ ျပန္ေလသည္။

အသူရာ၏သမီး သူဇာ

လူ႔ျပည္မွ ေသလြန္ေသာ္ အသူရာျပည္၌ ေဝပစိတၱိအသုရာနတ္မင္းႀကီး၏ သမီးေတာ္ျဖစ္၏။ ဗ်ိဳင္းဘဝ၊ လူ႔ဘဝက သီလအက်ိဳးသည္ အသုရာဘဝတြင္ အလြန္တရာလွပေသာ အက်ိဳးကို ေပးေလသည္။ လက္ထက္ထိမ္းျမားဖို႔ရာ ဖခင္ျဖစ္သူက အသုရာအစည္းအေဝးက်င္းပ၏။

ဤသည္ကို သိၾကားမင္း သိ၏။ ထို႔ေၾကာင့္ အသုရာေယာင္ ဖန္ဆင္းကာ အစည္းအေဝးသို႔သြား၏။ ဖခင္ျဖစ္သူက မိမိႏွစ္သက္သူ၏ အထက္သို႔ ပန္းကုံးပစ္ပါဟု ေျပာသည့္အခါ ေရွးဘဝေရစက္ေၾကာင့္ သိၾကားမင္းကို ခ်စ္ျမတ္ႏိုးမိသည့္ သူဇာသည္ သိၾကားမင္း၏ အထက္သို႔ ပစ္ေလသည္။

ထိုအခါ သိၾကားမင္းသည္ သူဇာ၏ လက္ေမာင္းကို ဆြဲကာ ေကာင္းကင္သို႔ ပ်ံတက္သြား၏။ အသုရာတို႔က လိုက္ၾကေသာ္လည္း မင္းႀကီးက မလိုက္ရန္ ေျပာသျဖင့္ ဆက္မလိုက္ၾကေတာ့ေပ။

ဤသို႔ျဖင့္ သိၾကားမင္းတြင္ လူ႔ဘဝကတည္းက ေရစက္ပါလာသည့္ မိဖုရားႀကီးေလးဦးရွိေပသည္။ (ဝိမာ႒အထာကထာ၌ သိၾကားမင္းတြင္ မိဖုရားႀကီး ၁၆၀၀ ရွိသည္ဟု ဆိုသည္။)

ပ႑ဳကမၺလာျမေက်ာက္ဖ်ာ

သိၾကားမင္း ျဖစ္လာမည့္ မာဃလုလင္သည္ သုဓမၼာဇရပ္အနီးတြင္ ပင္လယ္ကသစ္ပင္တစ္ပင္ကို စိုက္ကာ လႉဒါန္းခဲ့သည္။ ပင္လယ္ကသစ္ပင္ အနီးတြင္ ေက်ာက္ျဖာကို လႉဒါန္းခဲ့သည္။ ထိုကုသိုလ္ေကာင္းမႈ၏ အက်ိဳးေက်းဇူးေၾကာင့္ တာဝတႎသာနတ္ျပည္တြင္ ပ႑ဳကမၺလာျမေက်ာက္ဖ်ာ သည္ ေပၚေပါက္လာခဲ့သည္။

ျမ ေက်ာက္ဖ်ာႀကီး၏ တည္ေနရာ

တာဝတႎသာနတ္ျပည္ မဟာသုဒႆနၿမိဳ႕ေတာ္ အေရွ႕ေျမာက္ဘက္ရွိ ပု႑ရိကဥယ်ာဥ္ႀကီးထဲတြင္ရွိေသာ ပင္လယ္ကသစ္ပင္ႀကီး၏ အနီးတြင္ ျမေက်ာက္ဖ်ာႀကီး၏ အတိုင္းအတာ အလ်ားယူဇနာ ၆၀ ရွိသည္။ အနံယူဇနာ ၅၀ ရွိသည္။အထူသည္၁၅ ယူဇနာရွိသည္။အေရာင္သည္ လက္ေခါင္းရန္းပြင့္ကဲ့သို႔ နီေစြးသည္။

ေက်ာက္ဖ်ာႀကီး ပူရျခင္း

ပင္ကို အားျဖင့္ ေက်ာက္ဖ်ာသည္ ေအး၏။ ထူးျခားေသာ အေၾကာင္းအရာမ်ား ျဖစ္ပၚလာသည့္အခါ တင္းမာကာ ပူလာသည္။ ဤသို႔ျဖစ္ေစသည့္ အေၾကာင္းမ်ားမွာ –

သီလရွိေသာ သူေတာ္ေကာင္းတို႔အား ကူညီေစာင့္ေရွာက္ရန္အတြက္လည္း တင္းမာကာပူလာသည္။ သိၾကားမင္း၏ သက္တမ္းကုန္ဆုံးသည့္ အခါတြင္လည္း တင္းမာကာ ပူလာသည္။ သိၾကားမင္း၏ ေနရာကို လိုခ်င္သည့္ တရားရွိသူ၊ ဘုန္းတန္ခိုးရွိသူတို႔၏ သီလေၾကာင့္ တင္းမာကာပူလာသည္။

ထိုသို႔ ပူျပင္းလာသည့္အခါ သိၾကားမင္းသည္ အေၾကာင္းအရာအလိုက္ ေျဖရွင္းသည္။ ထိုေက်ာက္ဖ်ာေပၚတြင္ သီတင္းသုံးကာ ျမတ္စြာဘုရားသည္ အဘိဓမၼာတရားေတာ္ကို ေဟာၾကားေတာ္မူခဲ့သည္။

စီးေတာ္ယာဥ္မ်ားအေၾကာင္း အေသးစိတ္-

သိၾကားမင္းသည္ လွည့္လည္သြားလာသည့္အခါ မ်ားေသာအားျဖင့္ ေဝဇယႏၲာနတ္ရထားကို စီး၏။ တစ္ခါတရံတြင္သာ ဧရာဝဏ္ဆင္ကို စီး၏။

ေဝဇယႏၲာနတ္ရထား

ေဝဇယႏၲာနတ္ရထား၏ ရထားထိန္းသည္ မာတလိနတ္သား ျဖစ္သည္။ ရထားဦးပိုင္းမွ ေနာက္ဆုံးအပိုင္းအထိ ယူဇနာ ၁၅၀ ရွိသည္။ အလယ္တြင္ သိၾကားမင္းေနရန္ ရတနာပလႅင္ႀကီး ရွိ၏။ ရထားတြင္ ထမ္းပိုးတစ္ခုသာ ရွိသည္။ ထိုတစ္ခုတည္းေသာ ထမ္းပိုးတြင္ အာဇာနည္သိေႏၶာျမင္းပ်ံ တစ္ေထာင္ ကလ်က္ရွိသည္။

စီးေတာ္ဆင္ႀကီး ဧရာဝဏ္

ဧရာဝဏ္ အမည္ရွိ နတ္သားသည္ သိၾကားမင္း ဥယ်ာဥ္သို႔ ထြက္ရာတြင္ စီးနင္းရန္အလို႔ငွါ မိမိကိုယ္ကို ဆင္ဖန္ဆင္းထားျခင္းျဖစ္သည္။ မာဃလုလင္ဘဝတြင္ ဘုရင္က ေပးသနားသည့္ ဆင္ႀကီးမွ ျဖစ္လာသည့္ နတ္သားျဖစ္သည္။ နတ္ျပည္တို႔တြင္ တကယ့္တိရစာၦန္မ်ား ရွိ႐ိုးထုံးစံ မရွိေပ။ သိၾကားမင္း ဥယ်ာဥ္မွ ျပန္လာသည့္အခါ ဆင္ႀကီးသည္ မူလအတိုင္း နတ္သားျပန္ျဖစ္သည္။

သိၾကားမင္းျဖစ္ေၾကာင္း အက်င့္(၇)ပါး

သိၾကားမင္း ျဖစ္လာမည့္ မာဃလုလင္သည္ တည္းခိုနားေနရန္ ေနရာမ်ား၊ လမ္းမ်ား စသည့္ ေကာင္းမႈကုသိုလ္တို႔အျပင္ ေအာက္ပါ အက်င့္ေကာင္း (၇) မ်ိဳးလည္း ရွိသည္။

(၁) မိဘႏွစ္ပါးကို အသက္ထက္ဆုံး ႐ိုေသေလးစားစြာျဖင့္ လုပ္ေကြၽးျပဳစုျခင္း။

(၂) အမိဘက္ အဖဘက္တို႔မွ မိမိထက္ အသက္ႀကီးသည့္ ေဆြမ်ိဳးမ်ားကို အသက္ထက္ဆုံး ႐ိုေသေလးစားျခင္း။

(၃) အသက္ထက္ဆုံး ခ်ိဳသာေသာ၊ ယဥ္ေက်းေသာ စကားကို ေျပာဆိုျခင္း။

(၄) ခ်စ္ခင္သူႏွစ္ေယာက္အား ကြဲျပားေအာင္ ကုန္းေခ်ာစကားတို႔ကို အသက္ထက္ဆုံး မေျပာဆိုျခင္း။

(၅) အသက္ထက္ဆုံး ႏွေျမာျခင္းမရွိဘဲ လြတ္လပ္စြာ ရက္ရက္ေရာေရာ ေပးကမ္းစြဲ႕ႀကဲျခင္း။

(၆) အသက္ထက္ဆုံး မွန္ကန္ေသာ စကားကိုသာ ေျပာဆိုျခင္း။

(၇) အသက္ထက္ဆုံး အမ်က္ေဒါသ မထြက္ေပၚေအာင္ ထိန္းသိမ္းျခင္း။ တစ္ခါတရံ အမ်က္ထြက္မိပါက လ်င္ျမန္စြာ ပယ္ေဖ်ာက္ျခင္း။

ေနာင္သံသရာအတြက္သာမက ယခုဘဝအတြက္ပါ ေကာင္းမြန္သည့္ အက်င့္မ်ားကို ျပဳခဲ့ဖူးသည့္ကံ၏ အက်ိဳးေၾကာင့္ နတ္ျပည္တြင္ သိၾကားမင္း ျဖစ္လာ၏။ မာဃလုလင္၏ သူငယ္ခ်င္း (၃၂) တို႔သည္လည္း သိၾကားမင္း၏ အၿခံအရံနတ္မ်ား ျဖစ္လာၾကသည္။

ကိုးကား
ျမန္မာ့စြယ္စုံက်မ္း၊ အတြဲ(၁၃)။ ဦးျမတ္ေက်ာ္(ျမန္မာစာေကာ္မရွင္)`၃၁-ဘုံ ခရီးသည္။ ဓမၼာစရိယ ဦးေအးႏိုင္(ဘီေအ)။ ဗုဒၶက်မ္းလာ နတ္ေဒဝါမ်ား။
ေျမျပန႔္ခ်င္းေလး ေလးစားစြာျဖင့္ မူရင္းေရးသူအား ခရက္ဒစ္ေပးပါသည္။

Be the first to comment

Leave a Reply

Your email address will not be published.


*