
Zawgyi ျဖင့္ဖတ္ရန္
ေသြးတိုးတာ၊ ႏွလုံးေရာဂါ၊ ကိုလက္စထေရာ နဲ႔ ေသြးေၾကာက်ဥ္းတာ ၊ ႏွလုံးေရာဂါေတြေၾကာင့္ ေသြးစီးဆင္းမႈ ေလွ်ာ့နည္းတာေတြအတြက္ အသုံးျပဳခဲ့ၾကတာပါ။ ၾကက္သြန္ျဖဴဟာ အက်ိဳးေက်းဇူး အမ်ားဆုံး အစားအစာတစ္မ်ိဳး ျဖစ္ေပမယ့္လည္း က်န္းမာေရးနဲ႔ အညီၫႊတ္ဆုံး အစားအစာ ျဖစ္တယ္လို႔ေတာ့ မဆိုႏိုင္ပါဘူး။
ၾကက္သြန္ျဖဴကို စားရင္ ဘယ္သူမဆို ဘယ္လိုအေျခအေနမ်ိဳးမွာမဆို စားသုံးလို႔ ရသလားဆိုေတာ့ အခုေဖာ္ျပမဲ့ အေျခအေနမ်ိဳးဆိုရင္ေတာ့ မစားသင့္ပါဘူး။ ၾကက္သြန္ျဖဴကို လုံးဝစားလို႔ မရဘူးလားဆိုတာေတာ့ မဟုတ္ပါဘူး။ ေဆးျဖစ္ဝါးျဖစ္ မီးဖုတ္ၿပီး စားတာတို႔ အစိမ္းလိုက္ ဝါးစားတာတို႔ကို ေရွာင္က်ဥ္ပါ။ ဟင္းခ်က္တဲ့ေနရာမွာေတာ့ ထည့္ခ်က္လို႔ ရပါတယ္။
ေသြးဖိအားနည္းျခင္း
ၾကက္သြန္ျဖဴကို အစိမ္းလိုက္စားတာဟာ ေသြးတိုးက်ေစလို႔ ေသြးဖိအား နည္းတတ္သူေတြအတြက္ ၾကက္သြန္ျဖဴကို အစိမ္းလိုက္ မစားသင့္ပါဘူး။
ေဆးဝါး အမ်ိဳးမ်ိဳး မွီဝဲေနရရင္
သင္ဟာ ေဝဒနာတစ္ခုခုေၾကာင့္ ေဆးဝါးတစ္မ်ိဳးမ်ိဳး မွီဝဲေနရသူျဖစ္ရင္ ၾကက္သြန္ျဖဴကို မစားခင္ ဆရာဝန္နဲ႔ တိုင္ပင္သင့္ပါတယ္။ ၾကက္သြန္ျဖဴဟာ ေဆးဝါးတစ္မ်ိဳးမ်ိဳးရဲ႕ အာနိသင္ကို ျမင့္တင္ႏိုင္စြမ္း ရွိတာပါတယ္။ ဒါဟာ ေကာင္းက်ိဳးထက္ ဆိုးက်ိဳးကို ပိုျဖစ္ေစပါတယ္။
အသည္းနဲ႔ ဆိုင္တဲ့ ျပႆနာရွိရင္
ေဆးပညာရပ္ဆိုင္ရာ ကြၽမ္းက်င္ပညာရွင္ေတြရဲ႕ အဆိုအရ အသည္းနဲ႔ဆိုင္ရာ ေရာဂါတစ္ခုခု ရွိေနသူဆိုရင္ ၾကက္သြန္ျဖဴ မစားသင့္ပါဘူး။ ေဆးဝါးေတြရဲ႕ အာနသင္ကို ေလွ်ာ့နည္းေစပါတယ္။
အစာအိမ္နဲ႔ဆိုင္တဲ့ ျပႆနာတစ္ခုခုရွိရင္
ကိုယ့္အစာအိမ္က ထိခိုက္မခံဘူး။ တစ္ခုခုစားရင္ အစာအိမ္နာတာတို႔ ၊ အစာမေက်တာတို႔ ျဖစ္တတ္ရင္ ၾကက္သြန္ျဖဴ အစိမ္းကို အမ်ားႀကီး မစားသင့္ပါဘူး။
ကိုယ္ဝန္ေဆာင္စဥ္
ကိုယ္ဝန္ေဆာင္စဥ္မွာ ၾကက္သြန္ျဖဴ အစိမ္းလိုက္ စားသုံးတာကို ေရွာင္က်ဥ္ၾကပါတယ္။ ၾကက္သြန္ျဖဴကို အမ်ားႀကီးမဟုတ္ဘဲ အနေတာ္စားသုံးတာဟာ ႏို႔တိုက္ေကြၽးခ်ိန္နဲ႔ ကိုယ္ဝန္ေဆာင္စဥ္မွာ လုံၿခဳံစိတ္ခ်ရတယ္လို႔ ေျပာဆိုၾကေပမဲ့ အဲဒီအခ်ိန္မွာ ၾကက္သြန္ျဖဴကို စားသုံးဖို႔ ေဆးပညာရပ္ဆိုင္ရာ ကြၽမ္းက်င္သူေတြက ေထာက္ခံမေပးၾကပါဘူး။
Credit : my food myanmar
Unicode ဖြင့်ဖတ်ရန်
သွေးတိုးတာ၊ နှလုံးရောဂါ၊ ကိုလက်စထရော နဲ့ သွေးကြောကျဉ်းတာ ၊ နှလုံးရောဂါတွေကြောင့် သွေးစီးဆင်းမှု လျှော့နည်းတာတွေအတွက် အသုံးပြုခဲ့ကြတာပါ။ ကြက်သွန်ဖြူဟာ အကျိုးကျေးဇူး အများဆုံး အစားအစာတစ်မျိုး ဖြစ်ပေမယ့်လည်း ကျန်းမာရေးနဲ့ အညီညွှတ်ဆုံး အစားအစာ ဖြစ်တယ်လို့တော့ မဆိုနိုင်ပါဘူး။
ကြက်သွန်ဖြူကို စားရင် ဘယ်သူမဆို ဘယ်လိုအခြေအနေမျိုးမှာမဆို စားသုံးလို့ ရသလားဆိုတော့ အခုဖော်ပြမဲ့ အခြေအနေမျိုးဆိုရင်တော့ မစားသင့်ပါဘူး။ ကြက်သွန်ဖြူကို လုံးဝစားလို့ မရဘူးလားဆိုတာတော့ မဟုတ်ပါဘူး။ ဆေးဖြစ်ဝါးဖြစ် မီးဖုတ်ပြီး စားတာတို့ အစိမ်းလိုက် ဝါးစားတာတို့ကို ရှောင်ကျဉ်ပါ။ ဟင်းချက်တဲ့နေရာမှာတော့ ထည့်ချက်လို့ ရပါတယ်။
သွေးဖိအားနည်းခြင်း
ကြက်သွန်ဖြူကို အစိမ်းလိုက်စားတာဟာ သွေးတိုးကျစေလို့ သွေးဖိအား နည်းတတ်သူတွေအတွက် ကြက်သွန်ဖြူကို အစိမ်းလိုက် မစားသင့်ပါဘူး။
ဆေးဝါး အမျိုးမျိုး မှီဝဲနေရရင်
သင်ဟာ ဝေဒနာတစ်ခုခုကြောင့် ဆေးဝါးတစ်မျိုးမျိုး မှီဝဲနေရသူဖြစ်ရင် ကြက်သွန်ဖြူကို မစားခင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ ကြက်သွန်ဖြူဟာ ဆေးဝါးတစ်မျိုးမျိုးရဲ့ အာနိသင်ကို မြင့်တင်နိုင်စွမ်း ရှိတာပါတယ်။ ဒါဟာ ကောင်းကျိုးထက် ဆိုးကျိုးကို ပိုဖြစ်စေပါတယ်။
အသည်းနဲ့ ဆိုင်တဲ့ ပြဿနာရှိရင်
ဆေးပညာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေရဲ့ အဆိုအရ အသည်းနဲ့ဆိုင်ရာ ရောဂါတစ်ခုခု ရှိနေသူဆိုရင် ကြက်သွန်ဖြူ မစားသင့်ပါဘူး။ ဆေးဝါးတွေရဲ့ အာနသင်ကို လျှော့နည်းစေပါတယ်။
အစာအိမ်နဲ့ဆိုင်တဲ့ ပြဿနာတစ်ခုခုရှိရင်
ကိုယ့်အစာအိမ်က ထိခိုက်မခံဘူး။ တစ်ခုခုစားရင် အစာအိမ်နာတာတို့ ၊ အစာမကျေတာတို့ ဖြစ်တတ်ရင် ကြက်သွန်ဖြူ အစိမ်းကို အများကြီး မစားသင့်ပါဘူး။
ကိုယ်ဝန်ဆောင်စဉ်
ကိုယ်ဝန်ဆောင်စဉ်မှာ ကြက်သွန်ဖြူ အစိမ်းလိုက် စားသုံးတာကို ရှောင်ကျဉ်ကြပါတယ်။ ကြက်သွန်ဖြူကို အများကြီးမဟုတ်ဘဲ အနတော်စားသုံးတာဟာ နို့တိုက်ကျွေးချိန်နဲ့ ကိုယ်ဝန်ဆောင်စဉ်မှာ လုံခြုံစိတ်ချရတယ်လို့ ပြောဆိုကြပေမဲ့ အဲဒီအချိန်မှာ ကြက်သွန်ဖြူကို စားသုံးဖို့ ဆေးပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူတွေက ထောက်ခံမပေးကြပါဘူး။
Credit : my food myanmar
Leave a Reply