
Zawgyi ျဖင့္ဖတ္ရန္
အခုေခတ္ႀကီးမွာ ဖုန္းတစ္လုံးမရွိတဲ့ လူတစ္ေယာက္ရဲ႕ဘဝဟာ မေတြးရဲစရာပါပဲ။ ဒါဟာသတင္း၊ အလုပ္၊ စာအုပ္၊ သီခ်င္း၊ ႐ုပ္ရွင္၊ ဂိမ္း၊ အင္တာနက္ စတာေတြကို တစ္ေနရာတည္းမွာ ခ်ိတ္ဆက္ေပးထားတဲ့ ပစၥည္းတစ္ခုျဖစ္ပါတယ္။
ဒါမဲ့ တစ္ခါတစ္ေလ ဘက္ထရီက ကုန္ကုန္သြားတတ္တဲ့အတြက္ တစ္ေန႔တာအသုံးျပဳဖို႔ေတာင္ မလုံမေလာက္ ျဖစ္ေနတတ္ပါတယ္။ ဒါေၾကာင့္လဲ အခုလို နည္းလမ္းေကာင္းေလးေတြကို ေဖာ္ျပေပးလိုက္ရတာျဖစ္ပါတယ္။
၁။ လူအမ်ားစုဟာ ဘက္ထရီသြင္းတဲ့အေပါက္ကို သန႔္ရွင္းေရး မလုပ္ၾကပါဘူး။
သင့္မိုဘိုင္းဖုန္းကို အၿမဲတမ္းသန႔္ရွင္းေရးလုပ္ဖို႔ သတိရပါ။ ဖုန္းမ်က္ႏွာျပင္ကိုသာ သန႔္ရွင္းေရးလုပ္သင့္တာ မဟုတ္ပါဘူး။ အားသြင္းတဲ့ အေပါက္ကိုလဲ သန႔္ရွင္းေရး လုပ္ေပးရပါမယ္။ ထိပ္အခြၽန္ပါတဲ့ နားၾကပ္တံ ဒါမွမဟုတ္ သြားၾကားထိုးတံနဲ႔ သန႔္ရွင္းေရး လုပ္ေပးသင့္ပါတယ္။
၂။ ေတာက္ပတဲ့ Wallpaper ထားျခင္း
အခ်ိန္၊ Messages နဲ႔ Missed calls ေတြကို သင့္ဖုန္းမွာ သင္တစ္ခ်ိန္လုံးလိုလို ၾကည့္ေနရတာပါ။ သင့္ဖုန္းရဲ႕အဓိကမ်က္ႏွာျပင္မွာ အရမ္းေတာက္လြန္းတဲ့ Wallpapers ထားမယ္ဆိုရင္ သင့္ဖုန္းဘက္ထရီ ပိုကုန္ပါလိမ့္မယ္။ ဒါေၾကာင့္မို႔လို႔ အျဖဴအမည္း wallpaper ကိုထားတာက ပိုေကာင္းပါတယ္။ အဲ့လို ထားမယ္ဆိုရင္ သင့္ဘက္ထရီကို ၾကာရွည္ခံေစမွာပါ။
၃။ ဖုန္းကို အၿမဲတမ္းလက္ထဲမွာ ကိုင္ထားျခင္း
ရာသီဥတုပူတဲ့အခါ သင့္ဖုန္းကို အၿမဲလက္ထဲမွာ ကိုင္ေဆာင္ မထားသင့္ပါဘူး။ အပူခ်ိန္ျမင့္တဲ့အတြက္ ဖုန္းလဲ ပူလာပါလိမ့္မယ္။ အဲ့အျပင္ သင့္လက္ရဲ႕ အေႏြးဓာတ္ေၾကာင့္လဲ ဖုန္းကို အပူလြန္ကဲတာမ်ိဳး ျဖစ္သြားေစႏိုင္ပီး ဘက္ထရီအကုန္ ျမန္သြားပါလိမ့္မယ္။
၄။ Auto-Rotate ကိုဖြင့္ထားမိျခင္း
မလိုအပ္ဘူးဆိုရင္ Auto-Rotate ကို ပိတ္ထားလိုက္ပါ။ သူ႔ကို လုပ္ေဆာင္ေပးတဲ့ အထူးအာ႐ုံခံကိရိယာတစ္ခုျဖစ္တဲ့ accelerometer က ဘက္ထရီ အင္မတန္စားပါတယ္။
၅။ ေနာက္ကြယ္မွာ သုံးပီးသား App ေတြ Run ေနျခင္း
လူေတြဟာ App အေတာ္မ်ားမ်ားကို အသုံးျပဳပီးတဲ့ အခါမွာ ဒီတိုင္းပဲ ထြက္လိုက္ၾကပါတယ္။ အဲ့အခါမွာ ေနာက္ကြယ္မွာ App ေတြက Run ေနဆဲ ျဖစ္တဲ့အတြက္ ဘက္ထရီပိုကုန္တာေတြ ျဖစ္လာပါလိမ့္မယ္။ အဲ့ေတာ့ Windows ေတြ အကုန္လုံးကို ပိတ္ဖို႔ သတိထားပါ။
၆။ မ်က္ႏွာျပင္အလင္းေရာင္ကို အေတာက္ဆုံးထားထားျခင္း
အေဆာက္အဦး တစ္ခုထဲမွာဆိုရင္ ဖုန္းမ်က္ႏွာျပင္ အလင္းေရာင္ကို ၃၀-၄၀% ေလာက္ပဲ ထားထားသင့္ပါတယ္။ ဒီေလာက္က သင့္ဖုန္းမွာပါတဲ့ အရာအားလုံးကို ျမင္ရဖို႔ လုံေလာက္ပါတယ္။ အဲ့အျပင္ ဒီလိုလုပ္ျခင္းဟာ သင့္ဖုန္းဘက္ထရီကိုလဲ သက္သာေစပါလိမ့္မယ္။ အျပင္မွာေရာက္ေနတယ္ဆိုရင္လဲ မ်က္ႏွာျပင္အလင္းကို အေတာက္ဆုံးထားတာမဟုတ္ပဲ Auto-Brightness ကို ဖြင့္ထားေပးပါ။
၇။ ဖုန္းအသံကို Vibrate ထားျခင္း
Vibrate လုပ္ထားတာဟာ ဘက္ထရီ သိပ္စားပါတယ္။ လိုအပ္မွ သုံးပါ။ အျခားကိစၥေတြမွာေတာ့ Sound mode ဒါမွမဟုတ္ silent mode ကို အသုံးျပဳေပးပါ။
၈။ မ်က္ႏွာျပင္ သူ႔လိုလို ပိတ္သြားမယ့္အခ်ိန္ကို မသတ္မွတ္ထားျခင္း
ဖုန္းမ်က္ႏွာျပင္ သူ႔လိုလို ပိတ္သြားမယ့္ အခ်ိန္ကို တတ္ႏိုင္သေလာက္ အတိုဆုံး ထားထားမယ္ဆိုရင္ သင့္ဖုန္းဘက္ထရီကို သက္သာေစမွာပါ။
၉။ GPS, Bluetooth နဲ႔ WiFi ေတြ ဖြင့္ထားမိျခင္း
အဲ့တာေတြကို ဖြင့္ထားမယ္ဆိုရင္ ဖုန္းဘက္ထရီ အကုန္ျမန္ပါလိမ့္မယ္။ အသုံးျပဳဖို႔ မလိုအပ္ဘူးဆိုရင္ ပိတ္ထားတာ အေကာင္းဆုံးပါပဲ။
၁၀။ ဖုန္းမပိတ္ထားျခင္း
သင့္ဖုန္းကို တစ္ညတာလုံး ပိတ္ထားလိုက္ပါ။ အဲ့လိုဆိုရင္ ဘက္ထရီကို ေအးသြားေစပီး ဘက္ထရီလဲတာရွည္ခံပါလိမ့္မယ္။
credit -Min Thu (Daily Hot News )
Unicode ဖြင့်ဖတ်ရန်
အခုခေတ်ကြီးမှာ ဖုန်းတစ်လုံးမရှိတဲ့ လူတစ်ယောက်ရဲ့ဘဝဟာ မတွေးရဲစရာပါပဲ။ ဒါဟာသတင်း၊ အလုပ်၊ စာအုပ်၊ သီချင်း၊ ရုပ်ရှင်၊ ဂိမ်း၊ အင်တာနက် စတာတွေကို တစ်နေရာတည်းမှာ ချိတ်ဆက်ပေးထားတဲ့ ပစ္စည်းတစ်ခုဖြစ်ပါတယ်။
ဒါမဲ့ တစ်ခါတစ်လေ ဘက်ထရီက ကုန်ကုန်သွားတတ်တဲ့အတွက် တစ်နေ့တာအသုံးပြုဖို့တောင် မလုံမလောက် ဖြစ်နေတတ်ပါတယ်။ ဒါကြောင့်လဲ အခုလို နည်းလမ်းကောင်းလေးတွေကို ဖော်ပြပေးလိုက်ရတာဖြစ်ပါတယ်။
၁။ လူအများစုဟာ ဘက်ထရီသွင်းတဲ့အပေါက်ကို သန့်ရှင်းရေး မလုပ်ကြပါဘူး။
သင့်မိုဘိုင်းဖုန်းကို အမြဲတမ်းသန့်ရှင်းရေးလုပ်ဖို့ သတိရပါ။ ဖုန်းမျက်နှာပြင်ကိုသာ သန့်ရှင်းရေးလုပ်သင့်တာ မဟုတ်ပါဘူး။ အားသွင်းတဲ့ အပေါက်ကိုလဲ သန့်ရှင်းရေး လုပ်ပေးရပါမယ်။ ထိပ်အချွန်ပါတဲ့ နားကြပ်တံ ဒါမှမဟုတ် သွားကြားထိုးတံနဲ့ သန့်ရှင်းရေး လုပ်ပေးသင့်ပါတယ်။
၂။ တောက်ပတဲ့ Wallpaper ထားခြင်း
အချိန်၊ Messages နဲ့ Missed calls တွေကို သင့်ဖုန်းမှာ သင်တစ်ချိန်လုံးလိုလို ကြည့်နေရတာပါ။ သင့်ဖုန်းရဲ့အဓိကမျက်နှာပြင်မှာ အရမ်းတောက်လွန်းတဲ့ Wallpapers ထားမယ်ဆိုရင် သင့်ဖုန်းဘက်ထရီ ပိုကုန်ပါလိမ့်မယ်။ ဒါကြောင့်မို့လို့ အဖြူအမည်း wallpaper ကိုထားတာက ပိုကောင်းပါတယ်။ အဲ့လို ထားမယ်ဆိုရင် သင့်ဘက်ထရီကို ကြာရှည်ခံစေမှာပါ။
၃။ ဖုန်းကို အမြဲတမ်းလက်ထဲမှာ ကိုင်ထားခြင်း
ရာသီဥတုပူတဲ့အခါ သင့်ဖုန်းကို အမြဲလက်ထဲမှာ ကိုင်ဆောင် မထားသင့်ပါဘူး။ အပူချိန်မြင့်တဲ့အတွက် ဖုန်းလဲ ပူလာပါလိမ့်မယ်။ အဲ့အပြင် သင့်လက်ရဲ့ အနွေးဓာတ်ကြောင့်လဲ ဖုန်းကို အပူလွန်ကဲတာမျိုး ဖြစ်သွားစေနိုင်ပီး ဘက်ထရီအကုန် မြန်သွားပါလိမ့်မယ်။
၄။ Auto-Rotate ကိုဖွင့်ထားမိခြင်း
မလိုအပ်ဘူးဆိုရင် Auto-Rotate ကို ပိတ်ထားလိုက်ပါ။ သူ့ကို လုပ်ဆောင်ပေးတဲ့ အထူးအာရုံခံကိရိယာတစ်ခုဖြစ်တဲ့ accelerometer က ဘက်ထရီ အင်မတန်စားပါတယ်။
၅။ နောက်ကွယ်မှာ သုံးပီးသား App တွေ Run နေခြင်း
လူတွေဟာ App အတော်များများကို အသုံးပြုပီးတဲ့ အခါမှာ ဒီတိုင်းပဲ ထွက်လိုက်ကြပါတယ်။ အဲ့အခါမှာ နောက်ကွယ်မှာ App တွေက Run နေဆဲ ဖြစ်တဲ့အတွက် ဘက်ထရီပိုကုန်တာတွေ ဖြစ်လာပါလိမ့်မယ်။ အဲ့တော့ Windows တွေ အကုန်လုံးကို ပိတ်ဖို့ သတိထားပါ။
၆။ မျက်နှာပြင်အလင်းရောင်ကို အတောက်ဆုံးထားထားခြင်း
အဆောက်အဦး တစ်ခုထဲမှာဆိုရင် ဖုန်းမျက်နှာပြင် အလင်းရောင်ကို ၃၀-၄၀% လောက်ပဲ ထားထားသင့်ပါတယ်။ ဒီလောက်က သင့်ဖုန်းမှာပါတဲ့ အရာအားလုံးကို မြင်ရဖို့ လုံလောက်ပါတယ်။ အဲ့အပြင် ဒီလိုလုပ်ခြင်းဟာ သင့်ဖုန်းဘက်ထရီကိုလဲ သက်သာစေပါလိမ့်မယ်။ အပြင်မှာရောက်နေတယ်ဆိုရင်လဲ မျက်နှာပြင်အလင်းကို အတောက်ဆုံးထားတာမဟုတ်ပဲ Auto-Brightness ကို ဖွင့်ထားပေးပါ။
၇။ ဖုန်းအသံကို Vibrate ထားခြင်း
Vibrate လုပ်ထားတာဟာ ဘက်ထရီ သိပ်စားပါတယ်။ လိုအပ်မှ သုံးပါ။ အခြားကိစ္စတွေမှာတော့ Sound mode ဒါမှမဟုတ် silent mode ကို အသုံးပြုပေးပါ။
၈။ မျက်နှာပြင် သူ့လိုလို ပိတ်သွားမယ့်အချိန်ကို မသတ်မှတ်ထားခြင်း
ဖုန်းမျက်နှာပြင် သူ့လိုလို ပိတ်သွားမယ့် အချိန်ကို တတ်နိုင်သလောက် အတိုဆုံး ထားထားမယ်ဆိုရင် သင့်ဖုန်းဘက်ထရီကို သက်သာစေမှာပါ။
၉။ GPS, Bluetooth နဲ့ WiFi တွေ ဖွင့်ထားမိခြင်း
အဲ့တာတွေကို ဖွင့်ထားမယ်ဆိုရင် ဖုန်းဘက်ထရီ အကုန်မြန်ပါလိမ့်မယ်။ အသုံးပြုဖို့ မလိုအပ်ဘူးဆိုရင် ပိတ်ထားတာ အကောင်းဆုံးပါပဲ။
၁၀။ ဖုန်းမပိတ်ထားခြင်း
သင့်ဖုန်းကို တစ်ညတာလုံး ပိတ်ထားလိုက်ပါ။ အဲ့လိုဆိုရင် ဘက်ထရီကို အေးသွားစေပီး ဘက်ထရီလဲတာရှည်ခံပါလိမ့်မယ်။
credit -Min Thu (Daily Hot News )
Leave a Reply