သင့်ကိုတကယ်မချစ်တဲ့လူတစ်ယောက်ရဲ့အမူအကျင့်များ

သူကိုယ့္ကို တကယ္ခ်စ္ရဲ႕လားဆိုတာက အင္မတန္ေတြးရခက္တဲ့ ကိစၥထဲမွာပါပါတယ္။

သူ႔စိတ္ထဲကို ကိုယ္ကဝင္ၾကည့္လို႔ ရတာမဟုတ္တဲ့အတြက္ ကိုယ္ထင္သလိုေလး ခန႔္မွန္းရင္းကေန ကိုယ့္ကိုတကယ္ခ်စ္တဲ့သူကို ရင္နဲ႔မဆန႔္ေအာင္ ခ်စ္လိုက္၊ အခ်ိန္ေတြေပးလိုက္၊ သူ႔အတြက္ရွင္သန္လိုက္ရတာက အေၾကာင္းမရွိပါဘူး။

ဒါေပမယ့္ ကိုယ့္ကို တကယ္မခ်စ္တဲ့လူအတြက္ေတာ့ ရင္နဲ႔မဆန႔္ေအာင္ ခ်စ္ခင္တာ၊ အခ်ိန္ေပးလိုက္တာ၊ သူ႔အတြက္ အရာအားလုံး ေပးဆပ္လိုက္ရမယ္ဆိုရင္ မတန္ပါဘူး။

ကိုယ့္ဘဝအတြက္ အခ်ိန္ေတြ အလကားကုန္သြားတယ္လို႔ေတာင္ ေျပာႏိုင္ပါေသးတယ္။ အဲဒါေၾကာင့္ အဲဒီလိုမျဖစ္ေစဖို႔ ကိုယ့္ကိုတကယ္ခ်စ္တဲ့လူ ဟုတ္မဟုတ္ သိႏိုင္ဖို႔ အျပည့္အဝမဟုတ္ေတာင္ သိသာေစတဲ့ အခ်က္ေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

၁) လက္ထပ္ဖို႔ ေစာလြန္းေသးတယ္လို႔ ေျပာမယ္။

သင္နဲ႔သူရဲ႕ ေရွ႕ဆက္မယ့္ ဘဝအေၾကာင္းမွာ လက္ထပ္ဖို႔ကိစၥကို ဘယ္တုန္းကမွ စကားမစတဲ့ လူမ်ိဳးပါ။ အဲဒါအျပင္ သင္က လက္ထပ္ဖို႔အေၾကာင္း စမိရင္ေတာင္မွ စကားလမ္းေၾကာင္း လႊဲေျပာမွာျဖစ္သလို၊ သူ႔အတြက္ ေစာလြန္းေသးေၾကာင္း၊ တခ်ိန္စီစဥ္မွ ာျဖစ္ေၾကာင္းနဲ႔တင္ ၿပီးသြားမွာျဖစ္ပါတယ္။ အဲဒီလိုလူမ်ိဳးဆိုရင္ သင့္ကို လက္ထပ္ဖို႔အတြက္ ရည္႐ြယ္ထားတဲ့ ခ်စ္သူမဟုတ္ဘူးဆိုတာ သိႏိုင္မွာပါ။

၂) ႐ုပ္ပိုင္းဆိုင္ရာ ကိစၥအတြက္သာ စိတ္ဝင္စားမယ္။

သင့္ရဲ႕႐ုပ္ပိုင္းဆိုင္ရာ ကိစၥေလာက္သာ သူကစိတ္ဝင္စားမယ္ဆိုတာက သင့္ရဲ႕လွပမႈ ၊ ခႏၶာကိုယ္၊ တနည္းအားျဖင့္ သင္နဲ႔ Sex ကိစၥေတြေလာက္သာ သူစိတ္ဝင္စားၿပီး အဲဒီလိုသူလိုအပ္တဲ့ အခ်ိန္မ်ိဳးမွာသာ သင့္အေပၚ ခ်ိဳသာစြာဆက္ဆံတာ၊ ၾကင္နာျပတာမ်ိဳး ျပဳမူတတ္ပါတယ္။ မလိုအပ္တဲ့ အခ်ိန္မွာေတာ့ ဘာကိုမွ စိတ္ဝင္စားမွာ မဟုတ္သလို အေပၚယံေလာက္သာ ဆက္ဆံတဲ့ သူမ်ိဳးျဖစ္ပါတယ္။

၃) ကိုယ္ေတြဘဝအတြက္ သီးသန႔္ရယ္လို႔ စီစဥ္ထားတာမရွိဘူး။

သင့္နဲ႔ပတ္သက္ၿပီး အထူးသီးသန႔္ဆိုတာ သူ႔မွာမရွိပါဘူး။ အမ်ိဳးသမီးနဲ႔ အမ်ိဳးသားမွာ အမ်ိဳးသားေတြက ပိုၿပီး အထိမ္းအမွတ္ေန႔ေတြ မမွတ္မိတာမ်ိဳး ျဖစ္ေလ့ရွိေပမယ့္ တကယ္စိတ္ထဲရွိၿပီး မွတ္ထားတတ္တဲ့ သူမ်ိဳးေတြလည္း ရွိတတ္ပါတယ္။

သင့္အေပၚ အမွန္တကယ္မခ်စ္တဲ့သူက သင္နဲ႔ပတ္သက္ၿပီး ဘယ္အရာကိုမွ အေလးအနက္မထားသလို သင္နဲ႔သူတို႔ဘဝအတြက္ အထူးတလည္ ႀကိဳတင္စီစဥ္ထားတာမ်ိဳးလည္း မရွိပါဘူး။ ေရလိုက္ငါးလိုက္ ပုံစံမ်ိဳးနဲ႔ သင့္ကို ဆက္ဆံသလို၊ လိုရင္လိုသလို ဆက္ဆံတတ္ေပမယ့္ မလိုရင္လည္း မလိုသလို ဆက္ဆံတဲ့သူမ်ိဳးပါ။

၄) သင္နဲ႔ပတ္သက္သမွ် စိတ္လႈပ္ရွားမႈမရွိဘူး။

သင္နဲ႔ပတ္သက္ၿပီး အထူးတလည္ စိတ္လႈပ္ရွားမႈ၊ ခံစားမႈမရွိပါဘူး။ အေပၚယံ ဟန္ေဆာင္ပန္ေဆာင္ဆက္ဆံတဲ့ ပုံစံမ်ိဳးပါပဲ။ တနည္းအားျဖင့္ သင္နဲ႔ပတ္သက္ၿပီး ျဖဴစင္တဲ့ စိတ္လႈပ္ရွားခံစားမႈ မရွိဘူးလို႔ ေျပာခ်င္တာပါ။ သူတို႔ မ်က္ႏွာခ်ိဳေသြးေနၿပီ ဆိုရင္ေတာ့ သင့္ဆီက လိုခ်င္တာ တခုခုရွိလို႔ဆိုတာ ေသခ်ာေနသလို၊ သူတို႔ခပ္တန္းတန္း ျဖစ္ေနၿပီဆိုရင္ သူတို႔လိုအပ္တာ မရလို႔သာ ျဖစ္ပါလိမ့္မယ္။

၅) သင့္ရဲ႕စိတ္ပိုင္းဆိုင္ရာ ခံစားခ်က္ကို နားမလည္ဘူး။

သင့္ရဲ႕ ႐ုပ္ပိုင္းဆိုင္ရာကိုသာ စိတ္ဝင္စားတာ ျဖစ္တဲ့အတြက္ သင့္ရဲ႕စိတ္ပိုင္းဆိုင္ရာ ခံစားခ်က္ကို လုံးဝထည့္မေတြးတဲ့ သူေတြပါ။ သင္အထီးက်န္ေနတာ၊ သင့္ဝမ္းနည္းမႈ၊ သူနဲ႔ပတ္သက္ၿပီး သင္ဘယ္လိုခံစားေနတယ္ဆိုတာမ်ိဳးေတြကို သူလုံးဝစိတ္မဝင္စားသလို၊ လုံးဝလည္း ထည့္မေတြးဘဲ၊ သူတို႔အေတြး၊ သူတို႔ခံစားခ်က္ကိုသာ အေလးထား ဦးစားေပးၿပီး သူတို႔ခံစားခ်က္အတြက္ သင့္ကိုအသုံးခ်တတ္တဲ့သူေတြ ျဖစ္ပါတယ္။

အထက္ကအခ်က္ေတြကေတာ့ သင့္ကိုတကယ္ခ်စ္ရဲ႕လားဆိုတာ အၾကမ္းျဖင္းခန႔္မွန္းႏိုင္မယ့္ အခ်က္ေတြပါပဲ။ အတိအက်မဟုတ္ေပမယ့္ သိသာႏိုင္တဲ့ အခ်က္ေတြျဖစ္တာမို႔ ေဖာ္ျပေပးလိုက္ပါတယ္ ။စာဖတ္သူေတြေရာ ဘယ္လိုထင္ျမင္ၾကသလဲဆိုတာ မန႔္ေပးခဲ့ပါအုံးေနာ္။

သူကိုယ့်ကို တကယ်ချစ်ရဲ့လားဆိုတာက အင်မတန်တွေးရခက်တဲ့ ကိစ္စထဲမှာပါပါတယ်။

သူ့စိတ်ထဲကို ကိုယ်ကဝင်ကြည့်လို့ ရတာမဟုတ်တဲ့အတွက် ကိုယ်ထင်သလိုလေး ခန့်မှန်းရင်းကနေ ကိုယ့်ကိုတကယ်ချစ်တဲ့သူကို ရင်နဲ့မဆန့်အောင် ချစ်လိုက်၊ အချိန်တွေပေးလိုက်၊ သူ့အတွက်ရှင်သန်လိုက်ရတာက အကြောင်းမရှိပါဘူး။

ဒါပေမယ့် ကိုယ့်ကို တကယ်မချစ်တဲ့လူအတွက်တော့ ရင်နဲ့မဆန့်အောင် ချစ်ခင်တာ၊ အချိန်ပေးလိုက်တာ၊ သူ့အတွက် အရာအားလုံး ပေးဆပ်လိုက်ရမယ်ဆိုရင် မတန်ပါဘူး။

ကိုယ့်ဘဝအတွက် အချိန်တွေ အလကားကုန်သွားတယ်လို့တောင် ပြောနိုင်ပါသေးတယ်။ အဲဒါကြောင့် အဲဒီလိုမဖြစ်စေဖို့ ကိုယ့်ကိုတကယ်ချစ်တဲ့လူ ဟုတ်မဟုတ် သိနိုင်ဖို့ အပြည့်အဝမဟုတ်တောင် သိသာစေတဲ့ အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

၁) လက်ထပ်ဖို့ စောလွန်းသေးတယ်လို့ ပြောမယ်။

သင်နဲ့သူရဲ့ ရှေ့ဆက်မယ့် ဘဝအကြောင်းမှာ လက်ထပ်ဖို့ကိစ္စကို ဘယ်တုန်းကမှ စကားမစတဲ့ လူမျိုးပါ။ အဲဒါအပြင် သင်က လက်ထပ်ဖို့အကြောင်း စမိရင်တောင်မှ စကားလမ်းကြောင်း လွှဲပြောမှာဖြစ်သလို၊ သူ့အတွက် စောလွန်းသေးကြောင်း၊ တချိန်စီစဉ်မှ ာဖြစ်ကြောင်းနဲ့တင် ပြီးသွားမှာဖြစ်ပါတယ်။ အဲဒီလိုလူမျိုးဆိုရင် သင့်ကို လက်ထပ်ဖို့အတွက် ရည်ရွယ်ထားတဲ့ ချစ်သူမဟုတ်ဘူးဆိုတာ သိနိုင်မှာပါ။

၂) ရုပ်ပိုင်းဆိုင်ရာ ကိစ္စအတွက်သာ စိတ်ဝင်စားမယ်။

သင့်ရဲ့ရုပ်ပိုင်းဆိုင်ရာ ကိစ္စလောက်သာ သူကစိတ်ဝင်စားမယ်ဆိုတာက သင့်ရဲ့လှပမှု ၊ ခန္ဓာကိုယ်၊ တနည်းအားဖြင့် သင်နဲ့ Sex ကိစ္စတွေလောက်သာ သူစိတ်ဝင်စားပြီး အဲဒီလိုသူလိုအပ်တဲ့ အချိန်မျိုးမှာသာ သင့်အပေါ် ချိုသာစွာဆက်ဆံတာ၊ ကြင်နာပြတာမျိုး ပြုမူတတ်ပါတယ်။ မလိုအပ်တဲ့ အချိန်မှာတော့ ဘာကိုမှ စိတ်ဝင်စားမှာ မဟုတ်သလို အပေါ်ယံလောက်သာ ဆက်ဆံတဲ့ သူမျိုးဖြစ်ပါတယ်။

၃) ကိုယ်တွေဘဝအတွက် သီးသန့်ရယ်လို့ စီစဉ်ထားတာမရှိဘူး။

သင့်နဲ့ပတ်သက်ပြီး အထူးသီးသန့်ဆိုတာ သူ့မှာမရှိပါဘူး။ အမျိုးသမီးနဲ့ အမျိုးသားမှာ အမျိုးသားတွေက ပိုပြီး အထိမ်းအမှတ်နေ့တွေ မမှတ်မိတာမျိုး ဖြစ်လေ့ရှိပေမယ့် တကယ်စိတ်ထဲရှိပြီး မှတ်ထားတတ်တဲ့ သူမျိုးတွေလည်း ရှိတတ်ပါတယ်။

သင့်အပေါ် အမှန်တကယ်မချစ်တဲ့သူက သင်နဲ့ပတ်သက်ပြီး ဘယ်အရာကိုမှ အလေးအနက်မထားသလို သင်နဲ့သူတို့ဘဝအတွက် အထူးတလည် ကြိုတင်စီစဉ်ထားတာမျိုးလည်း မရှိပါဘူး။ ရေလိုက်ငါးလိုက် ပုံစံမျိုးနဲ့ သင့်ကို ဆက်ဆံသလို၊ လိုရင်လိုသလို ဆက်ဆံတတ်ပေမယ့် မလိုရင်လည်း မလိုသလို ဆက်ဆံတဲ့သူမျိုးပါ။

၄) သင်နဲ့ပတ်သက်သမျှ စိတ်လှုပ်ရှားမှုမရှိဘူး။

သင်နဲ့ပတ်သက်ပြီး အထူးတလည် စိတ်လှုပ်ရှားမှု၊ ခံစားမှုမရှိပါဘူး။ အပေါ်ယံ ဟန်ဆောင်ပန်ဆောင်ဆက်ဆံတဲ့ ပုံစံမျိုးပါပဲ။ တနည်းအားဖြင့် သင်နဲ့ပတ်သက်ပြီး ဖြူစင်တဲ့ စိတ်လှုပ်ရှားခံစားမှု မရှိဘူးလို့ ပြောချင်တာပါ။ သူတို့ မျက်နှာချိုသွေးနေပြီ ဆိုရင်တော့ သင့်ဆီက လိုချင်တာ တခုခုရှိလို့ဆိုတာ သေချာနေသလို၊ သူတို့ခပ်တန်းတန်း ဖြစ်နေပြီဆိုရင် သူတို့လိုအပ်တာ မရလို့သာ ဖြစ်ပါလိမ့်မယ်။

၅) သင့်ရဲ့စိတ်ပိုင်းဆိုင်ရာ ခံစားချက်ကို နားမလည်ဘူး။

သင့်ရဲ့ ရုပ်ပိုင်းဆိုင်ရာကိုသာ စိတ်ဝင်စားတာ ဖြစ်တဲ့အတွက် သင့်ရဲ့စိတ်ပိုင်းဆိုင်ရာ ခံစားချက်ကို လုံးဝထည့်မတွေးတဲ့ သူတွေပါ။ သင်အထီးကျန်နေတာ၊ သင့်ဝမ်းနည်းမှု၊ သူနဲ့ပတ်သက်ပြီး သင်ဘယ်လိုခံစားနေတယ်ဆိုတာမျိုးတွေကို သူလုံးဝစိတ်မဝင်စားသလို၊ လုံးဝလည်း ထည့်မတွေးဘဲ၊ သူတို့အတွေး၊ သူတို့ခံစားချက်ကိုသာ အလေးထား ဦးစားပေးပြီး သူတို့ခံစားချက်အတွက် သင့်ကိုအသုံးချတတ်တဲ့သူတွေ ဖြစ်ပါတယ်။

အထက်ကအချက်တွေကတော့ သင့်ကိုတကယ်ချစ်ရဲ့လားဆိုတာ အကြမ်းဖြင်းခန့်မှန်းနိုင်မယ့် အချက်တွေပါပဲ။ အတိအကျမဟုတ်ပေမယ့် သိသာနိုင်တဲ့ အချက်တွေဖြစ်တာမို့ ဖော်ပြပေးလိုက်ပါတယ် ။စာဖတ်သူတွေရော ဘယ်လိုထင်မြင်ကြသလဲဆိုတာ မန့်ပေးခဲ့ပါအုံးနော်။

Be the first to comment

Leave a Reply

Your email address will not be published.


*