
အလှမက်လို့ ဘဝပျက်သွားတဲ့ မင်းသမီးလေး
အလှမက်လို့ ဘဝပျက်သွားတဲ့ မင်းသမီးလေး ရှေးရှေးတုန်းက…ဘုရင်ကြီးတစ်ပါးမှာ ရုပစန္ဒီဆိုတဲ့မင်းသမီးလေးတစ်ပါးရှိတယ်။ရုပစန္ဒီလေးဟာဘုရင့်သမီးတော်လေးဖြစ်တဲ့အပြင် ရုပ်ရည်ကလည်းအင်မတန် ချောမောလွန်းလို့ နန်းတော်တစ်ခုလုံးမှာ သူ့ကိုမချစ်ခင်တဲ့သူမရှိဘူးတဲ့… အားလုံးကဖူးဖူးမှုတ်ထားတာပေါ့။ အဲဒီလောက်ကံကောင်းပြီးချောမောနေပေမယ့် ရုပစန္ဒီဟာလှသထက်ပိုပြီးလှချင်လို့ အချိန်ရှိသရွေ့အလှပဲပြင်နေတယ်။ စာပေပညာလည်းသိပ်မသင် မိန်းကလေးတွေတပ်အပ်တဲ့ပညာရပ်တွေကိုလည်း မလေ့လာဘဲလှဖို့တစ်ခုတည်းပဲ စဉ်းစားနေတယ်တဲ့။ တစ်နေ့တော့သူရဲ့အထိန်းတော်က..”တောစပ်နားမှာနေတဲ့ပုဏ္ဏားတစ်ယောက်က ချောမောလှပလာအောင် မန်းမှုတ်တတ်တယ်လို့ကြားသိခဲ့ရပါတယ်သခင်မလေး…”လို့လျှောက်တင်လိုက်တယ်။ ရုပစန္ဒီလည်းချက်ချင်းပဲ…”ဒီသတင်းဟာအမှန်ပဲလားဝမ်းသာလိုက်တာ..”လို့ပြောပြီးပိုလှလာဖို့အတွက် ဘယ်လိုလုပ်ရမလဲဆိုတာအကြံထုတ်တော့တယ်။ အဲဒီနောက်တော့ရူပစန္ဒီလေးဟာခမည်းတော်မင်းကြီးမသိအောင်နန်းတော်ထဲကနေ တိတ်တဆိတ်ထွက်လာခဲ့ပြီး တောစပ်နားက […]